ဟွမ်ဟိန်း
သျှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်ရေး စီမံကိန်း ကြီးများကြောင့် သျှမ်းပြည်၏ အဖိုးမဖြတ်နိုင် သော ကျွန်းတစ်ထောင်ရေ လွှမ်းတော့မည် မှတ်တမ်း ရုပ်ရှင်အသစ် ရှင်းလင်းပြသပွဲ ကို သျှမ်းပြည် နယ် တောင်ကြီးမြို့နှင့် ရန်ကုန်မြို့ တို့တွင် တပြိုင်နက်ကျင်းပခဲ့ကြသည် ။
စက်တင်ဘာလ ၂၈ ရက် မနက်ပိုင်းက ပြည်တွင်းပြည်ပ သျှမ်းလူမှုအခြေပြု အဖွဲ့အစည်းမှ ကမကထပြု၍ သျှမ်းပြည်အတွင်း ရှိ မြစ်ချောင်းများအတွက် လှုပ်ရှားမှု အဖွဲ့မှ – မှတ်တမ်း ရုပ်ရှင်အသစ်၊ သံလွင်မြစ်တွင်တည်ဆောက် မည့်တာတမံစီမံကိန်းများ ကြောင့် သျှမ်းပြည်၏ အဖိုးမဖြတ်နိုင်သော ကျွန်း တစ်ထောင်ရေလွှမ်းတော့မည် – ဟူသည့် မှတ်တမ်းရုပ်ရှင်ပြသမှု အခမ်း အနားနှင့် အတူ ရှင်းလင်းမှုတရပ်အား တပြိုင်နက် ကျင်းပပြုလုပ်သွားခြင်းဖြစ် သည် ။
အဆိုပါရုပ်ရှင်မှတ်တမ်းတွင် – သျှမ်းပြည်အလယ်ပိုင်း သမိုင်းဝင်စေတီပုထိုးနှင့် သဘာဝ ကျွန်းငယ်ပေါင်း ၁၀၀၀ မက ရှိသည့် ကွန်ဟိန်းမြို့ နမ့်ပန်ချောင်း ၏ အလှအပနှင့်အတူ ဒေသတဝိုက်နေထိုင်သည့်ဒေသခံများ၏ သဘာဝအားမှီခို အားထား လုပ်စား ရှာဖွေရသည့် နေလူမှုစရိုက်တို့ကို ရိုက်ကူးထားသည် ။
သံလွင်မြစ်ပေါ် မိုင်းတုံမြို့အနီး တာ့ဆန်းရေကာတာတည်ဆောက် ခဲ့ မည် ဆိုပါက အဆိုပါ ဒေသများအထိ ရေလွှမ်း မည်ဖြစ်ပြီး ဒေသခံလူထု နေ ရာပြောင်းရွှေ့ ကာအခက် အခဲရင်ဆိုင်ရမည်ဖြစ် သည့် အကြောင်း တို့ကို ဒေ သတွင်း လူထုအား တွေ့ဆုံမေးမြန်းထားသည်များလည်းပါရှိပါသည် ။
ထို့အပြင် ရေကာတာတည်ဆောက်မည့်နေရာများသည် ငလျင်ကြောပေါ်တွင် တည်ရှိနေခြင်းကြောင့် သဘာဝဘေးကြောင့် ဒေသခံလူထု ရွာပေါင်း သော င်းနှင့် ချီ ထိခိုက်နစ်နာဆုံးရှုံးရမည့် အခြေအနေများအကြောင်းကိုပါ ရှင်း လင်းပြသထားသည် ။
တောင်ကြီးမြို့တွင် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် ကျင်းပပြု လုပ် ခဲ့ပြီး ၊ ရန်ကုန်မြို့တွင် မူ အော့ခစ် ဟိုတယ်တို့တွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့ပါသည် ။
ရန်ကုန်မြို့အခမ်းအနား တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးက အဖွင့်အမှာစကားပြောကြား ရာတွင် – “ ပါတီအနေနဲ့လည်း ဒီစီမံ ကိန်းကြီးကိုဆန့်ကျင်တယ်။ လူထုအတွက်ဘာအကျိုးအမြတ်မရှိဘူး။ ထိခိုက်နစ်နာ မှုတော့တိုက်ရိုက်ရရှိမှာကတော့ဒေသခံလူထုဘဲဖြစ် တယ်။ ငြိမ်းချမ်းရေး မရှိသေးတဲ့အချိန်မှာ ဒီစီမံကိန်းကြီးဆက်မလုပ် သင့်သေးဘူး။ လူထုဆန္ဒမပါရင်လည်း ဆက်မလုပ်သင့်ပါဘူး” – ဟုပြောသည် ။
ရန်ကုန်မြို့ အော့ခစ်ဟိုတယ်တွင် SNLD ပါတီမှ ဥက္ကဌ ခွန်ထွန်းဦး၊ လက်ထောက်အတွင်းရေးမှူး စိုင်းလိတ်၊ ကွန်ဟိန်းမြို့ နယ် ပြည်နယ်လွှတ်ေ တ်ာအမတ်နန်းခင်စော၊ သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထား ရီနှင့် သျှမ်းပြည် အတွင်းတွင်းရှိ မြစ်ချောင်းများအတွက်လှုပ်ရှားမှု အဖွဲ့မှ နန်းခမ်းမိုင် ၊ စိုင်းခေးဆိုင်တို့က တက်ရောက်ရှင်းလင်း ပြောကြား ခဲ့ကြသည် ။
ကျွန်းတထောင်မြေကိုထိန်းသိမ်းကြစို့ Save our thousand islands ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပသည့်အဆိုပါအခမ်း အနားသို့ ဒေသအသီးသီးမှ လူငယ်များ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စုစုပေါင်း ၁၀၀ ခန့်တက်ေ ရာက်ခဲ့ကြသည် ။
အဆိုပါအခမ်းအနားတက်ရောက်ခဲ့သူ သျှမ်းလူငယ် လွယ်ခမ်းပန်က -“ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်တယ်ဆိုတာက အကျိုး အမြတ်ရှိသလို တဖက်ကလည်း ထိခိုက်နစ်နာမှုဆိုတာလဲရှိပါတယ် ။ ဒါကြောင့် တစုတဖွဲ့ တည်း အတွက်အကျိုး အမြတ်ရပြီး တော့ဒေသခံလူထုအများ အပြားက ထိခိုက်နစ်နာရမယ်ဆိုရင်တော့ မတန်ပါဘူး။ အခုဆိုရင်သံလွင်မြစ်ကြီးဟာ သျှမ်းပြည်လူ ထုပိုင်ဖြစ်တယ်။ အခု တစုတဖွဲ့ကလာပြီးအကျိုးအမြတ်လာ ထုတ်ယူသွားတယ်။ ထိခိုက်နစ်နာရမယ့် ဒေသခံလူထုက မပြောရဲ မဆိုရဲ မဆန့်ကျင်ရဲဘူးဆိုတာတော့မဖြစ်သင့်ဘူး။ ကျနော်တို့သျှမ်းပြည်လူထုတွေ နိုးကြားပါ လေ့လာပါလို့တောင်း ဆိုချင် ပါတယ်။” – ဟုပြောသည် ။
တောင်ကြီးမြို့ တွင်မူ “သံလွင်မြစ်သည်ရောင်းချရန်မဟုတ်၊ ရေကာတာ တည်ဆောက် မှု စီမံကိန်း ရပ် ” – ဟူသည့်ခေါင်းစဉ်ဖြင့် မှတ်တမ်းရုပ်ရှင်ပြ သခြင်းအခမ်းအနားကျင်းပရာ လူအင်အား ၁၀၀ ခန့်တက်ရောက်ခဲ့ကြသည် ။
သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ဆရာမ နန်းနွန်းမိုက ရုပ်ရှင်မှတ်တမ်းနှင့် ပတ် သက်၍ ရှင်းလင်း ပြသ ခဲ့ပြီး သျှမ်းပြည်အတွင်းတွင်းရှိ မြစ်ချောင်းများ အတွက် လှုပ်ရှားမှု အဖွဲ့မှ နန်းခမ်းနောင့်က သံလွင်မြစ်ပေါ်တည်ဆောက် မည့်ရေကာတာများအကြောင်းရှင်းလင်းပြောပြခဲ့သည် ။
အခမ်းအနားတက်ရောက်သည့် ညောင်ရွှေစော်ဘွား၏ သမီးတော် စဝ်ဟေမာ သိုက် က “ သျှမ်းပြည်နယ်ဟာ ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်းမှာ ရှိပါ တယ်။ အဲဒါကြောင့် သျှမ်းပြည်အရေးဟာ ပြည်ထောင်စုအရေးဖြစ် ပါ တယ်။ ပြည်ထောင်စုတိုင်းရင်း သားအားလုံး သျှမ်းပြည်ကိုကယ်တင် ပါ။ နေရပ်စွန့်ခွါရသူတွေအတွက်လည်း အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်။ တကယ်လို့ သျှမ်းပြည်ကြီးအေးချမ်းပြီဆိုရင် နေရပ်ကိုပြန်လာကြပါလို့ တိုက်တွန်းလိုပါတယ်။” ဟု ပြောသည် ။
အဆိုပါ သံလွင်မြစ်တွင်တည်ဆောက်မည့်တာတမံစီမံကိန်းများ ကြောင့် သျှမ်းပြည်၏ အဖိုးမဖြတ်နိုင်သော ကျွန်းတစ်ထောင် ရေလွှမ်းတော့မည် ဟူသည့် ရုပ်ရှင်မှတ်တမ်းပြသပွဲနှင့်သတင်းစာရှင်းလင်းပွဲအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီမှ ၉ နာရီအထိ ဝပ်ပါပေါက် ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်သည် ။
သျှမ်းပြည်နယ်အား ဖြတ်သန်းစီးဆင်းသည့် သံလွင်မြစ်ပေါ်တွင် တရုတ် ကုမ္မဏီ၊ ထိုင်းကုမ္မဏီနှင့် မြန်မာနိုင်ငံအစိုးရ တို့ ပူးပေါင်းကာ ရေကာတာ ၆ ခု (သျှမ်းပြည်နယ်အတွင်း ၄ ခုနှင့် ကယားပြည်နယ်တွင် ၁ ခု ကရင်ပြည်နယ် တွင် ၁ ခု) တည်ဆောက်ပြီး ရေအားလျှပ်စစ် မဂ္ဂါဝပ်ပေါင်း ၁၀၀၀၀ ကျော် ထုတ်ယူကာ ပြည်ပသို့ ပို့ဆောင်ရောင်းချမည်ဖြစ်သည် ။
၎င်းတို့မှာ ၁ – မိုင်းတုံမြို့နယ်အတွင်း တာ့ဆန်းရေကာတာခေါ် အထက်မိုင်း တုံရေ အား လျှပ်စစ်စီမံကိန်း ( လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ရ၁၀၀ မဂ္ဂါဝပ် ) ၂- ကွန်လုံမြို့နယ် ကွန်လုံရေတာကာ (လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ၁၄၀၀ မဂ္ဂါဝပ်) ၃- တန့်ယန်းမြို့နယ် နောင်ဖှ ရေကာတာ (လျှပ်စစ်ဓါတ်အားထုတ် လုပ်မှု ၁၂၀၀ မဂ္ဂါဝပ်) ၄- မန်တုံမြို့နယ် မန့်တောင်းရေကာတာ(လျှပ်စစ်ဓါတ် အား ထုတ် လုပ်မှု ၂၀၀ မဂ္ဂါဝပ်) ၅- ကယားပြည်နယ် ရွာသစ်ရေကာတာ (လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ၄၀၀၀ မဂ္ဂါဝပ်) နှင့် ၆-ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ (လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ၁၃၆၀ မဂ္ဂါဝပ်) တို့ဖြစ် ပါသည် ။
သို့သော် အဆိုပါလျှပ်စစ်ဓါတ်အားများအနက် သျှမ်းပြည်နယ်အစိုးရက ၃၀ မဂ္ဂါဝပ်ကိုသာ စီမံခန့်ခွင့်ပိုင်ခွင့်ရှိကြောင်းလည်း ယခုလဆန်းပိုင်းက သျှမ်းပြည်နယ်လွှတ်တော်အတွင်း အစိုးရဘက်မှ အတည်ပြုပြောဆိုခဲ့သည် ။
No comments:
Post a Comment