Thursday, October 20, 2016

ရပ်ကွက်နေပြည်သူ ၇ဝဝကျော် တောင်းဆို၍ ရွှေနံ့သာ စံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်ဆိုင်းခြင်းကို ပြန်လည်စစ်ဆေး

ရဲနိုင်(လောက်ကိုင်)

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ စံပြကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခဲ့ခြင်းကို မကျေနပ် သည့် ရပ်ကွက်နေ ပြည်သူ ၇ဝဝကျော် က လက်မှတ်ရေးထိုးပြီး ဝန်ချုပ်ရုံးသို့ တိုင်ကြားခဲ့သဖြင့် ဝန်ကြီးချုပ်ရုံး က ပြန်လည် စိ စစ်ရန် ညွှန်ကြားချက်အရ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန အုပ် ချူပ်ရေးမှူးရုံးတွင်ပြန်လည် စစ်ဆေးခဲ့ကြောင်း ဖြုတ်ချခံရသည့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအေးနိုင်က ပြောသည်။

အောက်တိုဘာလ ၁၉ရက် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချူပ်ရေးမှူး ရုံးတွင် စစ်ဆေးမှု မစတင်မီ ၄င်းကဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ရန်ကုန်တိုင်းအစိုးရကနေ တားမြစ်ထားတဲ့ ရွှေနံ့သာစံပြ ၂၂လမ်း၊ မြေကွက်အမှတ် ၆၈၂ လို့ ခေါ်တဲ့ ရွာပိုင်မြေကွက်ကို ပြီးခဲ့တဲ့ခေတ်က အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ထွေးရဲ့ သမီးနဲ့ ဦးတင်ထွေး အပါ အဝင် ရပ်မိရပ် ဖခေါ်တဲ့ ဦးသိန်းလှိုင်တို့ ခေါင်းဆောင်ပြီးတော့မှ ၆၈၂ ရွာပိုင်မြေရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ ၂၅ပေကို ဦးတင်ထွေး အပါအဝင် သူ့သမီး ဒေါ်မိုးမိုးခိုင်တို့ကနေ ကျွန်တော်တို့ ရွာသားဖြစ်တဲ့ ဦးလှမြင့် တို့ကို သိန်း ၇ဝ နဲ့ ရောင်းစားတယ်။ ပေ ၈ဝထဲကနေ ပေအစိတ်ကိုရောင်းတယ်တာပေါ့နော်။ ကျန်တဲ့ ၅၅ပေကို ဆောက်လုပ်ခွင့်မရှိဘူး၊ ပိုင်ဆိုင်ခွင့်လည်းမရှိဘဲနဲ့ ဒေါ်မိုးမိုးခိုင်ရဲ့ အမဖြစ်နိုင်တဲ့ ဒေါ်သန်းသန်းခိုင်က ၂ ထပ်ခွဲ တိုက်ကြီး ဆောက်နေတယ်။ လက်ရှိကို ဆောက်နေတာ။ ဒါ ကို ကျွန်တော်က တားမြစ်တာပေါ့။ တားမြစ် တဲ့ အတွက် ကျွန်တော်ကို ဒီအကွက်ကိုမှ တားမြစ်ပါတယ်ဆိုပြီး တိုင်တဲ့ အ တွက် ကျွန်တော်ကို မြို့နယ်ကနေ ဖြုတ် လိုက်တာပါ " ဟု ဖြုတ်ချခံရသည့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအေးနိုင်က ပြော သည်။

ရွှေနံ့သာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးနိုင်အား ဒေါ်မိုးမိုးခိုင်မှ ၄င်းဝယ်ယူခဲ့သော ကျေးရွာပိုင်မြေကွက် နှင့် ပတ် သက်၍ တစ်ဦးတည်းခေါ်ယူ၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ လုပ်ပိုင်ခွင့် အာဏာထက် ကျော်လွန် လုပ် ဆောင်သဖြင့် အရေး ယူပေးရန်နှင့် ဦးချစ်ရင် အပါအဝင် ၆ ဦးမှလည်း ဦးအေးနိုင်သည် အုပ်ချုပ်ရေး ရာထူး နှင့် မကိုက် ညီသဖြင့် ဖယ်ရှားပေးရန် ရန်ကုန်မြောက်ပိုင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တိုင်ကြားခဲ့သဖြင့် ဦးအေးနိုင်သည် ကျေး ရွာအုပ်စုအတွင်း အုပ်ချုပ်မှုလျော့ရဲမှုဖြစ်စဉ်များဖြစ်ပွားခြင်း၊ ဥပဒေအားလိုက်နာမှုမရှိခြင်း၊ ဖောက်ဖျက်ကျူးလွန်ခြင်း၊ အရည်အချင်းပျက်ယွင်းမှုများရှိခြင်း စသည့်သုံးသပ်ချက်များဖြင့် အုပ်ချုပ်ရေးမှူး တာဝန်မှ စက်တင်ဘာလ ၂၂ ရက် နေ့တွင် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်သေတစ်ဦးအဖြစ် လိုက်ပါလာသူ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်လှိုင်ဝင်းက " ဥပဒေကြောင်းအရတော့ ကျွန်တော်လည်း အုပ်ချုပ်ရေးမှူးရပ်စဲခံရတဲ့ စာကို ဖတ်ကြည့် တဲ့အခါကျတော့ သိပ်ပြီးတော့ ခိုင်ခိုင်မာမာမတွေ့ရဘူး။ အုပ်ချုပ်ရေးတာဝန်ရပ်ဆိုင်းခံရတဲ့ ပြထားတဲ့ အကြောင်းပြ ချက်တွေက ခိုင်မာမှုမရှိဘူး။ ဒေါ်မိုးမိုးခိုင်က ပြည်သူတစ်ယောက်ဖြစ်တယ်။ အဲ့ဒီဟာကို မချေမငံပြောတယ် အဲ့ဒီသ ဘော လောက်ပဲ တွေ့တယ်။ ကြီးကြီးမားမားပြဿနာလည်း ကျွန်တော် စာထဲမှာ မတွေ့ဘူး"ဟု ၄င်းက ဆိုသည်။

ရွှေနံ့သာစံပြကျေးရွာအုပ်စုထဲတွင် ပုလဲမြို့သစ်၊ ပတ္တမြားမြို့သစ်၊ လေးထောင့်ကန်စံပြ၊ ပေါင်းကူဥာဏ၊ ရွှေနံ့သာရွာမ၊ ရွှေနံ့သာစံပြ စသည့် ရပ်ကွက်တို့ပါဝင်ပြီး ဦးအေးနိုင်မှာ အဆိုပါရပ်ကွက်အုပ်စုများ၏ အုပ်ချုပ်ရေးမှူး ဖြစ်ကြောင်း သိ ရသည်။

No comments: