Kachinnews
ယနေ့ နံနက်ပိုင်းမှ မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နှစ်နေရာ မှာ ဆက်လက် ဖြစ်ပွားနေပါသည်။
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ အရှေ့မြောက်ဘက် မိုင် ၂၀ ကျော် Manje ကျေးရွာ အနီး Kungsa Bum တောင်မှာ အစိုးရ တပ်မ ၉၉ စစ်ကြောင်းနှင့် KIA တပ်မဟာ (၆) တပ်ရင်း (၂) တပ်ဖွဲ့ကြား နံနက် ၈ နာရီကျော်မှ ယခုချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေပါသည်။
ယခု တိုက်ပွဲသည် ‘နှစ်ဖက် ထိတွေ့ တိုက်ပွဲ’ ဖြစ်ကြောင်း KIA တပ်မဟာ (၆) အရာရှိ တဦး ကချင် သတင်း ဌာန KNG ကို ပြောပါသည်။
ကချင် ပြည်နယ် ဘက်မှာလည်း သြဂုတ်လမှ စပြီး မကြာခဏ အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို ခံနေရသည့် KIA တပ်ရင်း (၃) Lai Hpawng Bum စခန်းတွင် နံနက် ၄ နာရီနှင့် ၅ နာရီ ကြား အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုများ ရှိသည်ဟု KIA ရှေ့တန်းက ပြောပါသည်။
ယခုတဖန် ကချင် ဒေသ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာနေချိန် မြန်မာ စစ်တပ်၏ ထိုးစစ်ကို အောင်မြင်စွာ ခုခံ နိုင်ရန်အတွက် ‘လူထုမှ အဆက်မပြတ် ဆုတောင်းနေကြရန်’ ကချင် လွပ်လပ်ရေး အဖွဲ့ KIO ဗဟို ကော်မတီမှ လွန်ခဲ့သည့် လ က အသိပေး ကြေညာခဲ့သည်။

No comments:
Post a Comment