Friday, October 21, 2016

ရှမ်းမြောက် KIA တပ်ရင်း ၉ တွင် အချိန် တို တိုက်ပွဲဖြစ်

Kachinnews

 
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ အောက် တပ်ရင်း ၉ တွင် ယနေ့ အစိုးရတပ် နှင့် အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တပ်ရင်း ၉ အဖွဲ့များရှိရာ မန္တလေး-မူဆယ် လမ်းမကြီး အရှေ့ဘက် Mang Hang နှင့် Man Kawng ကြားရှိ Bum Chyang Bum တောင်ကို အစိုးရ စစ်ကြောင်းများ ဝင်ရောက်လာသည့် အတွက် နံနက် ၁၁ နာရီခန့် မှာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

အတည်မပြုနိုင်သေးသော သတင်းများ အရ ယင်း အချိန်တို တိုက်ပွဲအတွင်း အစိုးရတပ်ဘက် ထိခိုက် ကျဆုံးမှု များခဲ့ပြီး KIA ဘက် မရှိကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်သည့်နေရာကို တပ်မတော် ရဟတ်ယာဉ် ၂ စီး လာရောက် ပျံသန်းခဲ့သော်လည်း ပစ်ခတ်မှု မရှိခဲ့ကြောင်း သိရပါသည်။

No comments: