Saturday, September 1, 2012

မြန်မာပြည်ဖွား ဘင်္ဂလီတစု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ရခိုင်လူငယ်အား မလေးတွင် သင်္ဂြိုလ်

ခိုင်ဦးမောင် (မလေး)

မလေးရှားနှိုင်ငံတွင် မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် ဒဏ်ရာ ပြင်းထန် စွာ ရရှိသွားပြီး ဆေးရုံတင်ထားရာမှ သေဆုံး သွာသူ ရခိုင်လူငယ် တစ်ဦ၏အသုဘကိုသြ ဂတ်စ်၂၉ ရက်နေ့က မလေးတွင် သင်္ဂြိုလ်ခဲ့ကြောင်း သတင်း ရရှိသည်။

“ သူ့ကို ဂျိုးဟိုး ဆေးရုံးကြီးမှာ အတွင်းလူနာ အဖြစ် နှစ်လကျော် ဆေးရုံ တင်ထားရာက နေ သြ ဂတ်စ်လ ၂၄ ရက်နေ့မှာ ဆုံးသွားပါ တယ်။ သြဂတ်စ်လ ၂၉ ရက်နေ့မှာတော့ဒီ ဂျိုးဟိုး မှာဘဲ သဂြိုလ်လိုက်ပါတယ်” ဟု သူ၏ မိတ်ဆွေ တစ်ဦးဖြစ်သူ ကိုထွန်းဝင်းက ပြော သည်။

မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် သေဆုံးသွားသူမှာရခိုင်ပြည်နယ် သံ တွဲမြို့ နယ် စပါးတန် ကျေးရွာမှ ဦးဖြူလှအောင်၏ သား အောင်ဇော်မိုး အသက်၂၄ ဖြစ် သည်။

“ ဖြစ်တာက ၆ လ ပိုင်း ၁၁ ရက်နေ့ မှာ ဖြစ်တာပါ။ ဂျိုဟိုပြည်နယ် ကိုတာသိမ်ဂိမ်က အိမ် မှာနေ နေတဲ့ အချိန်မှာ ပထမတော့ လူနှစ်ယောက် ကျနော်တို့  နေတဲ့ အိမ်ကို တံခါး လာ ခေါက်ပါတယ်။ မြန်မာ လူမျိုးပါဆိုပြီး ရခိုင်လို အေး အေးဆေးဆေးပြောပြီး အိမ်ထဲကို ၀င် လာပါတယ်။ အိမ်ထဲမှာ စကားပြောချင်ပါတယ်- ၀င်ပါရစေနော်ဆိုပြီးပြောပါတယ် ။ စကား တွေ ပြောရင်းနဲ့  တစ်ယောက် က အိမ်သာသွားချင်တယ်ဆိုပြီး အိမ်သာထဲ ၀င်သွားပါ တယ်။ အိမ်သာထဲကနေ ဖုန်းခေါ်သံ ကြားရ ပါတယ်။ သိပ်မကြာပါဘူး။ လူအုပ်စု တစ်စု ရောက်ရှိလာပြီး. တုတ်တွေ ဓါးတွေနဲ့ ကျနော်တို့ကို စတင် တိုက်ခိုက်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူ တွေ အကုန်ဝင် ရိုက်ပါတယ်။ မင်းတို့  ရ ခိုင်တွေ ကို အကုန် အပြတ် ရှင်းမယ်ဆိုပြီး အကုန်ရိုက်သတ်ပါတယ်။ ကိုအောင်ဇော်မိုး အပါအ၀င်သုံးယောက်ကတော့ အပြင်းအထန် ဒဏ်ရာ ရှိသွားခဲ့ပါတယ်″ ဟု ကိုထွန်းဝင်းပြောသည်။

သူတို့အထဲမှကိုအောင်ဇော်မိုးနှင့် နောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဂျိုဟိုပြည်နယ် ဆေးရုံကို တင်ပို့ခဲ့ရာမှ ကိုအောက်ဇော်မိုးမှာ ဒဏ် ရာပြင်းထန်သဖြင့် နှစ်လကျော်အကြာ သြဂတ်စ်လ ၂၄ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။

No comments: