Monday, September 10, 2012

(၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် စကားဝိုင်းကျင်းပ

မင်းသွီး

ဆရာတော် အသျှင်ဦးဥတ္တမ ပျံလွန်တော်မူသည့် (၇၃) နှစ်မြောက်အထိမ်း အမှတ် စကားဝိုင်းကို ထိုင်းအခြေစိုက် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုး တက် ရေးအဖွဲ့ (AHRDO)က ယနေ့နံနက် (၉) နာရီတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအခမ်းအနားသို့ မဟာမိတ်အသိုင်းအဝိုင်းမှ တသီးပုဂ္ဂလများနှင့် ရ ခိုင်အမျိုးသား အမျိုးသမီးများ စုစုပေါင်း (၄၀) ဦးခန့်် တက် ရောက်ခဲ့ သည်။

ဆရာတော်အသျှင်ဦးဥတ္တမအားတစ်မိနစ်ခန့် ငြိမ်သက်ဂါရဝပြုကာစကား ဝိုင်းကို နံနက် ၉ နာရီအ ချိန်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး စကားဝိုးင်း အ ခမ်းအနားသို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ပေးပို့သော သဝဏ်လွှာ အား AHRDO သတင်းနှင့် ပြန်ကြား ရေုးဌာနမှ ကိုမင်း ခန့်က ဖတ်ကြားခဲ့သည်။

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) မှ ကိုစိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကျင်းပရသည့် ရည် ရွယ် ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းအပြင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)၏ ရုံးဌာနခွဲ မဲဆောက်တာဝန်ခံ ဆရာမကြီး ဒေါ်လှသိန်း မှ ဆရာတော် ဦးဥတ္တမနှင့်ပတ်သက်၍ ဂုဏ်ပြုပြောဆိုခဲ့ကြောင်း သိရသည်။

ဆရာတော်အသျှင်ဦးဥတ္တမ ဘဝဖြတ်သန်းမှုဖြစ်စဉ်သမိုင်းအားလည်း ဆရာဦးမိုးကြိုးမှ အကျယ်တ ဝင့် ပြောကြားခဲ့ပြီး ဆ ရာဦးမောင်ကြီးက ဆရာတော်အသျှင် ဦးဥတ္တမအကြောင်းနှင့်ပတ်သက်၍ စတင်ဆွေးနွေး ခဲ့သည်။ ထို့အပြင် အခမ်းအနားသို့တက်ရောက်လာသူများကလည်း ဆရာ တော်နှင့်ပတ်သက်၍ မိမိတို့၏ အမြင်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရ သည်။

နံနက် ၁၀ နာရီ ၂၀ ခန့်တွင် ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုမင်းဇင်က အပိတ်ကျေးဇူးတင်စကားပြောကြားပြီး အခမ်း အ နားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

No comments: