Friday, September 14, 2012

ဒေသခံ မူဆလင်ခေါင်းဆောင်တစ်ဦးက ရိုဟင်ဂျာအစား တိကျသော မျိုးနွယ်စုအ မည်တစ်ခု သတ်မှတ်ပေးရန် အစိုးရအားတောင်းဆို

ဇင်ကီး

စက်တင်ဘာ (၁၃) ရက်နေ့ မနက် (၉) နာရီတွင် အီရန်သံအမတ်ကြီး မစ္စတာ ဟူစိန်ကင်မာလီယာသည် အဖွဲ့ဝင် (၃) ဦးဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးခမ်းမတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရခိုင်ရပ်မိရပ်ဖများ၊ ဘင်္ဂလီခေါင်းဆောင် များနှင့် (၉)နာရီ (၃၀)မိနစ်၌ တွေ့ဆုံဆွေးနွေးစဉ် ဘင်္ဂလီကိုယ်စားပြု ဦးကျော်မြင့်က မိမိတို့အပေါ် အမည်နာမအမျိုးမျိုးခေါ်ဝေါ်နေမည့် အစား နိုင်ငံ တော်အစိုးရအနေဖြင့် မိမိတို့မျိုးနွယ်စု အမည်တစ်ခုကို တိတိကျကျသတ်မှတ်ပေးပါရန် တောင်းဆိုခဲ့ကြောင်း သတင်းရရှိ သည်။

"အစည်းအဝေးမှာ ရခိုင်အဖွဲ့က ဒီမှာ ရိုဟင်ဂျာလုံးဝမရှိဘူး။ ဘင်္ဂလီပဲရှိတယ်လို့ပြောတယ်။ ကျနော် ပြောတာကကျနော့်အဖေကျတော့ ရခိုင် မူဆလင်ပြောတယ်။ ကျနော့်အမေကျတော့ ဗမာမူဆလင်ပြောတယ်။ ကျနော့် အကိုကျတော့ ရိုဟင်ဂျာပြောတယ်။ ကျနော်ကျတော့ ဘင်္ဂလီလို့ပြောတယ်။ အမျိုးမျိုးဖြစ်နေတယ်ဗျာ။ အစိုးရအနေနဲ့ နာမည်တစ်မျိုးမျိုးသတ်မှတ်ပေးပါ။ လူမျိုးနာမည်တစ်ခုခု သတ်မှတ်ပေးပါလို့ ကျနော် တင်ပြခဲ့တယ်။ " ဟု ဦးကျော်မြင့်က ပြောသည်။

ဆွေးနွေးပွဲ၌ ရခိုင်ကိုယ်စားပြု ဦးရွှေထွန်းအောင်က အီရန်သံအမတ်ကြီး ပြောစကားများတွင် ရိုဟင်ဂျာဟုမကြာခဏသုံးစွဲပြောဆိုနေခြင်း ကြောင့်၎င်းအနေဖြင့် ရခိုင်မှာရိုဟင်ဂျာမရှိဟု ပြောခဲ့ကြောင်း။ ဘင်္ဂလီတချို့က မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတချို့ကိုရလို၍ ရိုဟင် ဂျာအမည်ဖြင့် လူမျိုးအမည်တုဖန်တီး လုပ်ဆောင်ခြင်းသာလျင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တယ်လီဖုန်းမှတဆင့် Arakan Times သို့ပြောကြား ခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဌ ပြည်နယ်ဥပ ဒေ ချုပ်ဦးလှသိန်းအားမေးမြန်းရာ ၄င်းက မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံတော်ကသတ်မှတ်ထားသည့်လူမျိုး (၁၃၅)မျိုးမှာရိုဟင်ဂျာမပါဝင် ကြောင်း၊ နိုင်ငံတော်ပိုင်းကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဟု ပြတ်ပြတ်သားသား သဘောထားထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ပြည် ထောင်စုတိုင်း ရင်းသား အားလုံးက မရှိဟု သတ်မှတ်ထားသလို၊ လက်လည်းလက်မခံတဲ့ ရိုဟင်ဂျာအမည်နာမကို သုံးနေမည့်အစား၊ မူ ရင်း မိမိတို့ပကတိ အသွင်အပြင်ကို ထင်ဟပ်စေသည့် ဘင်္ဂလီအမည်ကို သုံးခြင်းဖြင့် ရခိုင်ပြည်နယ်မှာ အုပ်စုနှစ်ခုကြား တည်ငြိမ်၊ငြိမ်း ချမ်းမှုပြန် လည်တည် ဆောက်ရေးကို အထောက်အကူပြုနိုင်မည်ဟု ယူဆကြောင်း ပြောဆိုသည်။

ကုန်ခဲ့သည့်ရက်ပိုင်းအတွင်းက မီဒီယာများအနေဖြင့် ရိုဟင်ဂျာအစား ဘင်္ဂလီကိုသုံးကြပါရန် ရခိုင်ပြည်နယ် သတင်းစာဆရာအသင်း ကိုယ်စား MJA ဥက္ကဌ ဆရာမောင်ဝံသထံ မေတ္တာရပ်ခံခဲ့သော ပြည်နယ်သတင်းစာ ဆရာအသင်းဒုဥက္ကဌ စာရေးဆရာ ဗဂျီကျော်က " မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းတွေအရ ၁၉၄၂ ခုနှစ်၊ ၁၉၄၈ ခုနှစ်၊ ၁၉၅၂ ခုနှစ်ထိ ရိုဟင်ဂျာဆိုတဲ့ အမည်ကိုမတွေ့ရဘူး။ ပြည်ပကိုရောက်နေသူ တချို့က ရိုဟင်ဂျာအမည်သစ်ကို သုံးပြီးတော့ နိုင်ငံတကာမှာရှိတဲ့ မူဆလင် ဘာသာဝင်တွေ ဆီကနေ အထောက်အပံ့ရဖို့ ကြိုးပမ်းနေတာ ဖြစ် တယ်။ မရှိတာကို အတင်းလုပ်ထားတဲ့အတွက် ရိုဟင်ဂျာဆိုတဲ့ အမည် ကိုဘယ်လိုမှ အသိအမှတ်ပြုလို့ရမှာ မဟုတ်ဘူး။ ဒီနာမည်သစ်ဖန်တီး တာကို လက်ခံလိုက်ရင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသားဖြစ်မှု၊ တိုင်း ရင်းသားဖြစ်မှု၊ အချုပ်အခြာ နယ်နမိတ်ကအစ အထူးစိုးရိမ်စ ရာဖြစ်လာ နိုင်တယ်။ ဒါကြောင့် သူတို့က အမည်နာမတောင်းဆိုလာရင် အ စဉ်အဆက် သုံးလာခဲ့တဲ့ ဘင်္ဂလီဟာ အကောင်းဆုံးပါပဲ။ " ဟု ပြောသည်။

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရက ဘင်္ဂလီဆိုသည့်အမည်မှာ ဘင်္ဂလားဒေသ နေထိုင်သူများဟုအမည်ရကြောင်း၊ ရခိုင် တိုင်း ရင်းသားများက ပြည်ထောင်စုအနောက်တံခါးကို လုံခြုံအောင် ထိန်းသိမ်းပေးထားခြင်း ဖြစ်ကြောင်း၊ လူ့အခွင့်အရေးဆိုသည်မှာ လူ သားတိုင်း ရရှိခံစားခွင့်ရှိသလို မိမိတို့၏ အချုပ်အခြာ နယ်နိမိတ်ကို ဥပဒေနှင့်အညီ ကာကွယ်ခွင့်လည်းရှိကြောင်း၊ ဘယ်နိုင်ငံမဆို တရားမ၀င်ခိုးဝင် လာ သူတွေကို ဥပဒေမဲ့လက်ခံ၍ နယ်မြေပိုင်နက်သတ်မှတ်ပေးမှာ မဟုတ်ကြောင်း၊ဥပဒေနှင့်အညီရိုးသားစွာနိုင်ငံသားအခွင့်အ ရေးကိုရရှိအောင် ဆောင်ရွက်သင့်ကြောင်း၊ ရခိုင်ဟာရခိုင် ဗမာဟာဗမာ ကုလားဟာ ကုလား နာမည်သတ်မှတ်မှာ ရှက်စရာ မလိုပါ ကြောင်း၊ ဧည့်သည်က အိမ် ရှင်ကိုနှင်ပြီးမှ မိမိနယ်မြေ သတ် မှတ်ရန်ကြံရွယ်ခြင်းသည် မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း၊ လူ့အခွင့် အရေးအရကြည့်လျင်လည်း လူသားမဆန်သည့် လုပ်ရပ်သာဖြစ်ပါကြောင်း တယ်လီဖုန်း မှ တဆင့်ပြော ကြားသည်။

ဒေသခံမူဆလင်များကိုယ်စား သက္ကေပြင်ကျေးရွာမှ ဦးကျော်မြင့်မှ ရခိုင်ဒေသသို့ အကြောင်းအမျိုးမျိုး ကြောင့် ရောက်ရှိနေကြသော မူဆ လင် ဘာသာဝင်များ၏ အမည်နာမတောင်းဆိုချက်ပေါ် ရခိုင်အရေး ကျွမ်းကျင် သူများကလည်း ယခင့်ယခင်အစဉ်အဆက် ခေါ်ဝေါ်သတ် မှတ်လာ ခဲ့သော ဘင်္ဂလီ အမည် ကိုသာ သုံးစွဲသင့်ပါကြောင်း ဆန္ဒပြု ပြောဆိုကြသည်။

No comments: