admin
ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးသန်းလွင်က ရုံးရှေ့မှ ကားဖြတ်မောင်းသူ တဦးအား ချင်းတွေ ဦးနှောက်ထဲမှာ ချေး ညိနေသည် ဟု ဆဲဆိုပြီး ပါး ရိုက်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက်နေ့က ဟားခါးမြို့ပေါ်နေ ပူး Camang သည် အိမ် ပြောင်းဖို့အတွက် အိမ်သုံး ပစ္စည်း များကို ကားဖြင့် သယ် ယူပြီး ပြည်နယ် လ၀က ရုံးရှေ့ ဖြတ်အသွားတွင် ဦးသန်းလွင်က ရုံးရှေ့ဖြတ်သွားရလား၊ ခင်ဗျားတို့ ချင်းတွေ ဦးနှောက်မှာ ချေးညိ နေတယ် ဟု ဆဲဆိုကြိမ်းမောင်းပြီး ပါးရိုက်လိုက်သည်ဟု မျက်မြင်တွေက ပြောကြသည်။
“Pu Ca Mang တို့က ရုံးရှေ့ကနေ ကားဖြတ်မောင်းဖို့ မြို့နယ် လ၀က မှူးကို ပြောကြပြီး ဖြတ် သွား ခွင့် ရထားပြီးဖြစ်တယ်၊ အဲဒါကို ပြည် နယ်မှူးက ယခုလို ရက်ရက် စက်စက်ပြောဆို ပြီး ကိုယ်ထိ လက်ရောက် လုပ်လိုက်တာ” ဟု ပြောသည်။
ရုံးဝန်ထမ်း Pu ChiaMawng မှ မြို့နယ် လ၀ကမှူးကို ရုံးရှေ့ ဖြတ်သွားဖို့ပြောထားပြီးကြောင်း ပြောပြရာတွင် ပြည်နယ် မှူးက ၄င်းရင် ဘတ် ကို ထိုးပြီးခြေထောက်ဖြင့် ကန်ကျောက်သေးကြောင်း ပြောကြသည်။
“တော်တော်ရိုင်းတယ်ဗျာ၊ ခင်ဗျားတို့ ကားကို လက်နဲ့ မပြီး သယ်သွားကြလို့ပြောသေးတယ်” ဟု မျက် မြင်က ထပ်မံ ပြော သေးသည်။
Pu Ca Mang တို့ မိသားစုသည် အဆိုပါ ကိစ္စကြောင့် ယနေ့ထိ အိမ်တွင်း ပစ္စည်း မရွှေ့နိုင်သေးကြောင်း ၊ ကားပိုင်ရှင်းဖြစ်သူ ရိုမင်ကာ သို လိပ် ဘုန်းကြီးကလည်း အင်မတန် ၀မ်းနည်းကြောင်း သိရသည်။
“ တခြားလူမျိုးတွေ ကိုယ့်နယ်မြေမှာလာပြီး သောင်းကျန်းနေတာတော့ မခံချင်စရာပေါ့ကွာ” ဟု ချင်းလူ ငယ်တဦးက ပြောသည်။
ဦးသန်းလွင်သည် စစ်တပ်အရာရှိဘ၀မှလူဝင်မှူကြီးကြပ်ရေးဌာနသို့ ဘက်ပြောင်းလာသူက ရင်ဗမာ အ မျိုးသားဖြစ်ကြောင်း ပြောကြ သည်။
1 comment:
I think my brain is stained with some shit. Would you mind checking it out for me? haa...haa
Post a Comment