စိုးမင်း
ဒေါက်တာမျိုးမြင့် ဦးဆောင်သော အဖွဲ့ဝင် (၁၉) ဦးပါဝင်သည့် ရခိုင်ပြည် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့သည် စစ်ဆေးမှုများ ပြုလုပ်ရန် ယနေ့နံနက် (၈) နာရီအချိန်တွင် စစ်တွေမြို့မှ ကျောက်တော်မြို့သို့ ထွက် ခွာခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့သည်ကျောက်တော်မြို့သို့နံနက်ပိုင်းတွင်ရောက်ရှိပြီးကျောက် တော်မြို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ မီးရှိုးခံရွာများမှရွာသား များအား တွေ့ဆုံပြီး စုံစမ်းစစ်ဆေးနေသည်ကို သိရသည်။
ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က " ကျ နော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အခု ကျောက်တော်မြို့ကို ရောက်နေ ပါတယ်။ ကျောက်တော်မြို့နယ်ရှိ မီးရှိုးခံရွာတွေက ရွာသားတွေနဲ့ တွေ့ဆုံကာ စုံစမ်းစစ်ဆေး မှုတွေပြုလုပ်ပြီး မှတ်တမ်းယူနေပါတယ်။ ကျောက် တော်မှာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးတာနဲ့ မြောက်ဦးမြို့ကို ခရီးဆက်မှာပါ။ ကျနော်တို့ စုံစမ်းစစ်ဆေးရေး အဖွဲ့အနေနဲ့လည်း အဖြေမှန်ပေါ်အောင်စစ် ဆေး ဖော်ထုတ်မှာပါ။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောကြား သွား သည်။
မြောက်ဦးမြို့တွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ယနေ့ညနေတွင် စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည် ပဋိပက္ခစုံစမ်းစစ်ဆေးရေ ကော်မရှင်အဖွဲ့သည် စစ်တွေမြို့သို့ စက်တင်ဘာ (၇) ရက် နေ့လည် (၂) နာရီ (၄၀) မိနစ်တွင် ရောက် ရှိ ပြီး ပြည်နယ်အစိုးရ၊ တိုင်းမှူးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ (၇) ရက်မှ (၁၆) ရက်နေ့ထိ (၁၀) ရက်ကြာ စုံစမ်းစစ်ဆေးရေးကို မြို့နယ်အလိုက် ခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment