Thursday, September 6, 2012

ပဋိပက္ခ ပေါ်ပေါက်လာအောင် ဘင်္ဂလီများက ဖန်တီးနေ

ဇင်ကီး

ရသေ့တောင်မြို့နယ်တွင် အိမ်ခြေ (၅) ဆောင်ခန့်ရှိသော ဆိတ်ကြီးနား ကျေးရွာအား ဘင်္ဂလီများက စက်တင်ဘာ (၅) ရက် ညနေ (၈) နာရီခန့်တွင် မီးလာတိုက်သွားကြောင်း သတင်းရရှိသည်။

" ဆိပ်ကြီးရွာကို မီးလာတိုက်တော့ ကျနော်တို့ ဦးဂါရွာက ရွာသားတွေ လိုက်သွားတယ်။ မီးတိုက်တဲ့ လူတွေကိုတော့ ဘယ်သူလဲဆိုတာ မသိ လိုက်ဘူး။ ထွက်ပြေးသွားတယ်။ ကိုဌေးဖြူ အိမ်တစ်ဆောင်တော့ မီး လောင်သွားတယ်။ " ဟု ဦးဂါ ရွာမှ ရွားတစ်ဦးက ပြောသည်။

ဆိပ်ကြီးကျေးရွာမှာ ဦးဂါကျေးရွာနှင့် ဂူတောင်ကျေးရွာကြားတွင် တည်ရှိ ပြီး အနောက်ပြင် ကုလားရွာနဲ့လည်း နီးစပ်ကြောင်း သိရသည်။

ဇွန်လ အရေးအခင်းအဖြစ် မီကာလာက ဆိပ်ကြီးနားကျေးရွာသားများမှာ မိမိတို့ကျေးရွာတွင် နေ ထိုင်ကြသော် ဂူတောင်ကျေးရွာသားများ အ သတ်ခံရပြီးနောက်ပိုင်း ရွာသားများမှာ နေ့ဘက်တွင် နေထိုင်ကာ မိမိတို့ လယ်ယာလုပ်ငန်း ကို လုပ်ကိုင်ပြီး ညဘက်တွင် မအိပ်ဝံ့ သဖြင့် နီးစပ် ရာကျေးရွာများတွင် သွားအိပ်နေကြကြောင်း သိရသည်။

ဇူလိုင်လ (၁၉) ရက်နေ့ကလည်း အနောက်ပြင်မှ ဘင်္ဂလီများသည် ဂူတောင်ကျေးရွာ အောက်ရွာတွင်ရှိသော အိမ်ခြေ (၆) ဆောင်ခန့်အား မီး လာတိုက်ရာ ဂူတောင်ရွာသားများက အနောက်ပြင်ရွာသို့ လိုက်သွားရာ ရခိုင်တိုင်းရင်းသား (၁၀)ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

No comments: