Tuesday, September 18, 2012

ကချင်ပြည်နယ် လဂျားယန်တိုက်ပွဲတွင် ကျောင်းသားတပ်မတော် ၁ ဦးကျ

KNG

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ လဂျားယန်တွင်တပ်ချထားသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ မြန်မာပြည်လုံးဆိုင်ရာ ကျောင်း သားတပ်မတော် (ABSDF) များနှင့် မြန်မာအစိုးရတပ် ခလရ (၁၄၂) တပ်များသည် ယနေ့ နံနက် ၅ နာရီမှ အမြောက် လက် နက်ကြီး လက် နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီး ကျောင်းသားတပ်မတော်မှ ၁ ဦးသေဆုံးခဲ့ ကြောင်းသိ ရသည်။

ထိုမြန်မာအစိုးရတပ်သည် တပ်မဟာ (၅) နယ်မြေ ဒေါ့ဖုန်းယန်မှ လက်နက်ကြီး မော်တာ(၈၁ မမ)နှင့် (၁၀၅ မမ) အမြောက်ဖြင့် KIA ကို ပစ် ခတ် တိုက်ခိုက်လိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင်ပစ်ခတ်ခဲ့သော အမြောက်ကျည်ဆံ ကျရောက်ပေါက်ကွဲချိန် ကျောင်းသား တပ်မ တော်တပ်ဖွဲ့တွင် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှပြောသည်။

“ကျနော်တို့ရှိတဲ့ဘက်ကို အမြောက်မော်တာ ၂ လုံးလာကျတယ် ၁လုံးက မီးဖိုချောင်နားလာကျ တယ် ၁ လုံးက ကျင်းမှာရှိနေတဲ့ ကျောင်းသား တပ်မတော်သား ၁ ဦးကိုလာထိသွားတယ်” ဟုရှေ့တန်းမှတာဝန်ရှိသူက က ချင်သတင်းဌာနသို့ပြောသည်။

မြန်မာအစိုးရတပ်မှလည်း သေဆုံး ထိခိုက်ဒဏ်ရာရှိမှုများရှိနိုင်သော်လည်း စာရင်းအတိကျမသိရှိကြောင်း ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုသည် နေ့လည် ၁၂ နာရီတွင် ခဏသာနားပြီး ယနေ့ညနေထိ ဆက်လက်၍ လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပစ် ခတ်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ရှေးတန်မှဆိုသည်။

No comments: