ABC
မန်မာ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် လွင်ဦးကို ဗိုလ်မှူးချုပ် မောင်မောင်ကျော်နဲ့ အစားထိုးပြီ ဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
အမည်မဖော်လိုတဲ့ သမ္မတရုံးက အရာရှိ တစ်ဦးက ရိုက်တာ သတင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။
မြန်မာ စစ်တပ်နဲ့ ကိုးကန့်တပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ မြန်မာ လေတပ်ဘက်က လက်နက်ကြီးတွေ တရုတ်နယ်မြေထဲ ကျရောက်ခဲ့တဲ့ နောက်ဆက်တွဲအနေနဲ့ ဗိုလ်ချုပ် လွင်ဦးကို အခုလို ရာထူးကနေ ဖယ်ရှားလိုက်တာ ဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။
အစပိုင်းတုန်းက အဲဒီ လက်နက်တွေဟာ မြန်မာရဲ့ လက်နက်တွေ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှသာ ဝန်ခံမှု လုပ်ခဲ့ပါတယ်။
တရုတ်အစိုးရကို အမျက်ပြေစေတဲ့အနေနဲ့ အခုလို လေတပ်မှာ ရာထူး အပြောင်းအလဲ လုပ်တာလို့ ပြောနေကြပါတယ်။
အခုလောလောဆယ် ကိုးကန့်တပ်က တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာထားသလို မြန်မာကလည်း ကိုးကန့်တပ်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းထားပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေ အနည်းငယ် ဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။
No comments:
Post a Comment