Tuesday, June 30, 2015

ကျေးသီးမြို့အနီးရှိရွာ ၅ရွာ ပြည်ထဲရေးစာရင်းတွင် မပါဝင်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း လွယ်လင် ခရိုင် ကျေးသီး မြို့နယ် ကျေးသီးမြို့အနီး ရှိ ရွာ ၅ ရွာမှာ ပြည်ထဲရေး စာရင်းတွင် အမည် မပေါက် သောကြောင့် ဒေသခံများ ရသင့် ရထိုက်သည့် အခွင့် အရေးများ ပိုမို ဆုံးရှုံး သွားမည်ကို အထူး စိုးရိမ် နေသည်ဟု ရွာသားများက ပြောပြသည်။

ကျးသီးမြို့ ဆင်ခြေဖုန်းရပ်ကွက် မြို့မြောက်ဘက်ခြမ်းနှင့် ကပ်လျှက် ရှိနေသည့် နောင်ကား ရွာ၊ ကုန်းပြိုက်ရွာ၊ နားလွယ်ရွာ၊ နားကျိုင်းရွာ နှင့် နားဟမ်းရွာ တို့သည် ၂၀၁၀ ရွေးကောက်ပွဲ တွင် မြို့ပေါ် ဟော်ကုန်းရပ်ကွက် နှင့် ဒွန်တွဲ မဲထည့်ရသော်လည်း ယနေ့ ပေါက်နေသည့် ပြည် ထဲရေးဝန်ကြီးဌာန မြေတိုင်း၊ မြေကွက် စာရင်း တွင် ပါဝင်ခြင်းမရှိသေးဘူးဟု ကျေးသီးရပ်ဖ စိုင်းဩတက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဘာကြေးဘဲကောက်ကောက် ကျနော်တို့ ရွာသူရွာသားတွေ အကုန်တော့ထည့်ရတယ်။ သူများလိုဘဲ။ ဒါပေ မယ့် အခု ခေတ်စားလာနေတဲ့ လွှတ်တော် ရံပုံငွေတော့ သူများလို မရဘူး။ အဆိုးဆုံး စိုးရိမ်နေရာတာ ပြည်ထဲ ရေးမှာ ကျနော်တို့ ရွာတွေရဲ့ နာမယ်တွေ မပေါက်တော့ ကျောက်မီးသွေးတွေ ပါတွေ လာတူးဖေါ်ဖို့ ကုမ္ပဏီ တွေက တောင်းရင်ဆို ဒီမြေကွက်ပေါ် ဘာရွာမှ မရှိဘူး မြေလွတ်မြေရိုင်းတွေကြီးပဲ လို့ တင်ချလိုက်ရင်၊ ဒါမှ မဟုတ် သတ္တုတူးဖို့ အတည်ပြုပေးလိုက်ရင် သေပြီ” - ဟု စိုင်းဩတ ကပြောသည်။

ထို့အတူ အဆိုပါရွာများသည် ပြည်ထဲရေးတွင်နာမည်မပါသောကြောင့် စာသင်ကျောင်း လည်း ကိုယ်ထူကိုယ်ထ၊ လမ်းတံတား ပြုပြင်တည်ဆောက်ရေး တွင်လည်း ကိုယ်ထူ ကိုယ်ထ တို့ဖြင့် သာ လည်ပတ်ရသည်ဟု ရွာသားများက ပြောသည်။

“အားလုံးက ရွာသူရွာသားထံကနေဘဲ ကောက်ပြီးအကုန်လုပ်နေရတယ်။ ဘာစရိတ်မှမလာဘူး။ သူများရွာလို ဘာထောက်ပံ့ကြေးမှမရဘူး။ နောက်ဆို ကမ္ဘာ့ဘဏ်က ချေးပေးတဲ့ ငွေလဲ ရမှာမဟုတ်ဘူးလို့ပြောတော့ ကျမတို့တွေက လူမဟုတ်ဘူးလားပေါ့။ မဲထည့်တဲ့အချိန်တော့ ပါတယ်။ အကြိုးခံစားခွင့် ပေးတဲ့ နေရာမှာတော့ ချန်ထားတယ် ဆိုတာမဟုတ်ဘူး”- ဟု နားလွယ်က ယိင်းယိင်းက ပြောသည်။

နာင်ကားရွာ၊ ကုန်းပြိုက်ရွာ၊ နားလွယ်ရွာ၊ နားကျိုင်းရွာ နှင့် နားဟမ်းရွာသည် ယခင်က ကျေးသီးမြို့ဟောကုန်း ရပ်ကွက်တွင်ပါဝင်သော်လည်း ဂျွန် ၈ ရက် က မြို့နယ် ရွေးကောက် ပွဲကော်မရှင် မှ မဲစာရင်းထုတ်ပြန်ရာတွင် ဟော်ကုန်း ရက်ထဲတွင် မပါဝင် တော့ဘဲ မြို့နှင့် ၁၀ မိုင်ကျော်ဝေးသည့် ဝမ့်ဖွီးကျေးရွာ အုပ်စုအတွင်း ပါဝင် သွားကြောင်း သျှမ်းလူငယ် ကွန်ရက်တွင် ပါဝင်သည့် အိုက်ခမ်းဆိုင်း ဤကဲ့သို့ပြောသည်။

“ကျနော်တို့ တောင်းဆိုချင်တယ်။ (၁) အချက် မဲစာရင်းကလည်း မြို့ပေါ် ဟော်ကုန်းရပ်ကွက်နဲ့ ဘဲ ၂၀၁၀ တုန်းကလိုတွဲပေးဖို့၊ က(၂) အချက်ကတော့ ကျနော်တို့ရွာအားလုံး ပြည်ထဲရေးရဲ့ မြို့ရွာအိုးအိမ်တွင် နာမည်ပေါက်ဖို့ဖြစ်တယ်။ မရမက လဲတောင်းဆိုသွားမယ်” ဟု ပြောသည်။

အဆိုပါရွာများတွင် အိမ်ခြေ စုစုပေါင်း ၁၁၅ အိမ်၊ လူဦးရေ ၆၃၅ ယောက်ရှိသည်။ အဆိုပါရွာများ ပြည်ထဲရေး တွင် အမည်ပေါက်စေရန်အတွက် မြေစာရင်းဦးစီးဌာနက ကူညီပံ့ပိုးမှုပြုနေသည်ဟု ဒေသခံများက အတည်ပြု ပြောဆိုနေကြပါသည်။

No comments: