Monday, June 29, 2015

အပြည်ပြည် ဆိုင်ရာညှင်းပန်းနှိပ်စက်ခံရခြင်းအမျိုးမျိုး အဆုံးသတ်ရေးနေ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံတွင် ကျင်းပ

ထက်ထက်အောင်

ပြီးခဲ့သည့် စစ်အစိုးရလက်ထက်နှင့် ယနေ့အချိန်ထိ အဆုံးမသတ်နိုင်သေးသော ညှင်းပန်း နှိပ်စက်ခံရခြင်း အမျိုးမျိုးရပ်တန့်စေရန် ရည်ရွယ်ကာ ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ‘အပြည်ပြည် ဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရခြင်း အမျိုးမျိုး အဆုံးသတ်ရေးနေ့’ ကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက် ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခခန်းမတွင် ဇွန်၂၆ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ၀ိမုတ္တိလူမှုကူညီရေးအဖွဲ့မှ စီစဉ်ခြင်းဖြစ်ပြီး ‘ajar’ asia justice and right အဖွဲ့မှ ငွေကြေးပိုင်း ဆိုင်ရာ ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

ဝိမုတ္တိလူမှုကူညီရေးအဖွဲ့မှ ဒေါ်ခင်မိမိခိုင်က “ ညှင်းပန်းနှိပ်စက်မှုဆိုတာ နည်းလမ်းစုံရှိတယ်၊ အစိုးရပိုင်း ဆိုင်ရာတွေအနေနဲ့ ယခုမြင်တွေ့နေရတဲ့ ညှင်းပန်းနှိပ်စက်မှုတွေအပြင် အရင်အစိုးရ အဆက်ဆက်က လုပ်ခဲ့တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ပါတာဝန် ရှိတယ်ဆိုတာ သိစေချင်၊ တာဝန်ယူ စေချင်လို့ ပြုလုပ်တာဖြစ်တယ်။ ဥပမာ -လတ်တလော ကျောင်းသား ကိစ္စပေါ့။အစိုးရ ပိုင်း ဆိုင်ရာတွေအနေနဲ့ ဒီလိုမျိုးညှင်းပန်းနှိပ်စက်မှုတွေမရပ်တန့်သေးဘဲ ထပ်ကာထပ်ကာ အရေးယူနေမယ်ဆိုရင် အမျိုးသားရင် ကြားစေ့ရေးကလည်း အောင်မြင်နိုင်မဟုတ်ပါဘူး ”ဟုဆိုသည်။

ညှင်းပန်းနှိပ်စက်မှု များမှာ မြင်လွယ်သော ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်း၊လူမှုရေးပိုင်း၊ လုပ်အား၊ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ် စက်မှု ဟူ၍ ယေဘုယျအားဖြင့် ခွဲခြားထားပြီး ပုံစံအမျိုးမျိုးဖြင့် ရှိနေသည်။အထူးသဖြင့် အာဏာရှင်စနစ်နှင့် တစ်ပါတီစနစ်ကျင့်သုံး သည့် နိုင်ငံများတွင် တွေ့မြင်ရမှု များသည်ဟု ဒေါ်ခင်မိမိခိုင်ကဆိုသည်။

အဆိုပါအခမ်းအနားသို့တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက” ဘယ်သူ မဆို ဘယ်လောက်ကြီးတဲ့ ပြစ်မှုကိုကျူးလွန်ထားသည်ဖြစ်စေ မည်သူကမှ သူ့ကို ညှင်းပန်းနှိပ်စက်ခွင့်မရှိပါဘူး၊ ညှင်းပန်းနှိပ်စက် မှုဆိုတဲ့ အဓိပ္ပါယ်ကို တရားဥပဒေ ဘက်တော်သား တွေဖြစ်တဲ့ ရဲ၊တရားစီရင်ရေးပိုင်းဝန်ထမ်းတွေ ၊ထောင်ဝန်ထမ်းတွေသေချာ သိဖို့ လိုအပ်ပါတယ်” ဟုဆိုသည်။

ဒီမိုကရေစီနိုင်ငံတွေများတွင် အပြည်ပြည် ဆိုင်ရာညှင်းပန်းနှိပ်စက်ခံရခြင်းအမျိုးမျိုး အဆုံးသတ် ရေးနေ့ ပွဲများပြုလုပ်လေ့ရှိပြီး ဒီမိုကရေစီအပြည့်အ၀ရရှိပြီးနိုင်ငံများဖြစ်၍ ညှင်းပန်းနှိပ်စက်ခံရခြင်း ပုံရိပ်များ မရှိသလောက်ရှားပါးကာ ရှေးဟောင်းပုံရိပ်များ သာတွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည် ဆိုင်ရာညှင်းပန်းနှိပ်စက်ခံရမှု ဆန့်ကျင်ရေးစာချုပ်ကို အမြန်လက်မှတ်ရေးထိုး သင့်နေပြီဖြစ် သည်ဟုလည်း ဒေါ်ညိုညိုသင်းက ဆိုသည်။

No comments: