Monday, May 14, 2012

အင်း​လုပ်ကိုင်ခွင့်​ရ​ရေး​​ ဒေသခံများ​ ဆန္ဒပြ​တောင်း​ဆို

နော်နိုရင်း

ဧရာဝတီတိုင်း​ ကျူံ​ပျော်မြို့​နယ်ထဲမှာ အင်း​လေလံပစ်တာကို မ​ကျေနပ်လို့​ ရာနဲ့​ချီတဲ့​ဒေသခံ​တွေ ဆန္ဒပြခဲ့​ကြပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး​ ကျုံ​ပျော်မြို့​နယ်မှာရှိတဲ့​ ရှား​ခဲအင်း​ကို အာဏာပိုင်​တွေက ​လေလံတင်​ရောင်း​ချတဲ့​အတွက် အင်း​အနီး​နား​တဝိုက်မှာ ​နေထိုင်တဲ့​ ​ဒေသခံ ၁၅၀ ​လောက်က ဒီမနက်မှာ ​တောင်း​ဆို ဆန္ဒပြကြတာပါ။

ဒီအင်း​တွေကို ​ဒေသခံပြည်သူပိုင်အင်း​တွေအဖြစ် အသက်​မွေး​ဝမ်း​ကြောင်း​ ပြုခွင့်​ရ​ရေး​အတွက် ဆန္ဒပြသူ​တွေက ​တောင်း​ဆိုခဲ့​တာလို့​ ​ဒေ သခံ ရွာသား ​တဦး​က ​ပြောပါ တယ်။

“အင်း​လေလံ​ကြေညာတာကို ၁၁ ရက်​နေ့​ ​သောကြာ​နေ့​ကျမှ​ပြောတယ်။ ၁၂ ရက်​နေ့​ စ​နေနဲ့​၊​ ၁၃ ရက်​နေ့​ တနင်္ဂ​နွေမှာ ရုံး​အလုပ်နဲ့​ပတ် သက်လို့​ ပြည်သူပြည်သား​တွေက အင်း​လေလံ​လေ်ွာက်လွှာ အတွက် လည်း​ ဘာမှပြင်ဆင်ဖို့​ အချိန်မရဘူး​။ အဲဒီလိုမရ​အောင်လည်း​ တမင်ပြင်ဆင်ထား​တယ်လို့​ ထင်မြင်မိတယ်။ ယူဆမိတယ်။ ဒါ​ကြောင့်​ ပြည်သူ​တွေက ဘာပဲဖြစ်ဖြစ် နိုင်ငံ​တော်က ကြမ်း​ခင်း​ဈေး​က ၃၅၀ လို့​ ကြား​သိရ​ပေမယ့်​ မဝယ်ယူနိုင်​ကြောင်း​ရယ်။ ရှား​ခဲအင်း​ကို မှီခို၍လုပ်ကိုင်စား​သောက်နိုင်ရန်နှင့်​ အသက်​မွေး​ဝမ်း​ကြောင်း​ပြုနိုင်ရန်​သော် လည်း​ကောင်း​၊​ ​ဒေသခံပြည်သူများ​ အကျိုး​ကို​မေ်ွာ်ကိုး​၍ ပြည်သူ ပြည် သား​များ​ ပြန်လည်လုပ်ကိုင်ရှာ​ဖွေစား​သောက်နိုင်ရန်​သော်လည်း​ကောင်း​၊​ နိုင်ငံ​တော် သမ္မတကြီး​နဲ့​တကွ ဝန်ကြီး​အား​လုံး​သည် ပြည်သူပြည်သား​တို့​၏ အကျိုး​စီး​ပွား​ကို အ​လေး​ထား​ဆောင်ရွက်​ပေး​ပါရန် လည်း​ကောင်း​ ဟူ၍ အချက် ၄ ချက်ဖြင့်​ ကျ​နော်တို့​ ​တောင်း​ဆို လိုက်ပါ သည်။”

ရှား​ခဲအင်း​အနီး​နား​မှာ ​နေထိုင်တဲ့​သူ​တွေဟာ အင်း​ကိုအမှီပြုပြီး​ ငါး​ရှာ​ဖွေ စား​သောက်​နေသူ​တွေ ဖြစ်​ပေမယ့်​ အင်း​တရား​ဝင် လုပ်ပိုင်ခွင့်​တော့​ မရပါဘူး​။ ဒီအင်း​ကို အာဏာပိုင်​တွေက ​ဒေသခံ မဟုတ်တဲ့​ သူ​ဌေး​တွေကို ပုဂ္ဂလိကပိုင်အဖြစ် လုပ်စား​ခွင့်​ ​ပေး​ထား​ပါတယ်။

အင်း​သူ​ဌေး​တွေက ​ဒေသခံ​တွေကို အလုပ်မ​ပေး​တဲ့​အတွက် ရွာသား​တွေ စား​ရေး​နေ​ရေး​ အခက်အခဲ ​တွေ့​နေရတာပါ။

“အင်း​နား​နေ အင်း​ရေ​သောက်ပြီး​ အင်း​ကို မှီခိုပြီး​ ငါး​ရှာ​ဖွေ စား​သောက်ပြီး​ အသက်​မွေး​ဝမ်း​ကျောင်း​ ပြု​နေရသူ​တွေ ဖြစ်တယ်။ အခုဟာက ပုဂ္ဂလိက သူ​ဌေး​တွေကို ချထား​ပေး​တာ​တွေ ဖြစ်တဲ့​အတွက် သူတို့​က အင်း​ကို ကန်သဖွယ်ပြုလုပ်ပြီး​ ငါး​မွေး​နေတာ ဖြစ်တယ်။ ဒါ​ကြောင့်​လည်း​ သူတို့​က ​ဒေသခံအား​လုံး​ကို အလုပ်မ​ပေး​ဘူး​။ အဲဒီ​တော့​ စား​ရေး​နေ​ရေး​ အခက်အခဲဖြစ်ပြီး​ အကျပ်အတည်း​မျိုး​စုံ ဖြစ်​နေရတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​က ပြည်သူပိုင် အင်း​အဖြစ် လုပ်ကိုင် စား​သောက်ခွင့်​ ပြန်ချ​ပေး​ဖို့​ကို ဆန္ဒပြတယ်။ ဒီအ​ကြောင်း​ကိုပဲ ​ဆွေး​နွေး​တင်ပြခဲ့​တာပါ။”

ရှား​ခဲအင်း​အုပ်ချုပ်​ရေး​မှူး​က​တော့​ ဆန္ဒပြသူ​တွေရဲ့​ ကိုယ်စား​လှယ်​တွေကို ​ခေါ်ယူ ​ဆွေး​နွေး​ပြီး​နောက် ​လေလံပစ်တာကို ရပ်ဆိုင်း​ပေး​ခဲ့​တဲ့​အတွက် ဆန္ဒပြမှုလည်း​ ရပ်တန့်​သွား​တယ်လို့​ သိရပါတယ်။

ရှား​ခဲအင်း​မှာ လုပ်ကိုင်စား​သောက်ခွင့်​မရတဲ့​ ရွာသား​တွေက ပြီး​ခဲ့​တဲ့​လတုန်း​ကလည်း​ အင်း​ထဲမှာ ငါး​ရှာခွင့်​ရ​ရေး​အတွက် သမ္မတဆီ လက် မှတ်​ရေး​ထိုး​ ​တောင်း​ဆိုခဲ့​ပါတယ်။

No comments: