Tuesday, May 29, 2012

ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ သတင်းအချက်အလက် ထုတ်ပြန်မှု အလွန်နည်းပါး

ဘုန်းသော်ဇင် | အင်္ဂါနေ့၊ မေလ ၂၉ ရက် ၂၀၁၂

မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများမှ တရားဝင် လွှင့်တင်ထားသော အင်တာနက် ဝက်ဘ် စာမျက်နှာအများစုမှာ သတင်းအချက်အလက် ထုတ်ပြန်မှု မရှိသလောက် နည်းပါးကြောင်း လေ့လာ တွေ့ရှိ ရသည်။

ယခုအစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၃၄ ခုရှိပြီး အဆိုပါ ဝန်ကြီးဌာနများအနက် ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြန်ကြားရေး နှင့် အမှတ်(၂) လျှပ်စစ် ဝန်ကြီးဌာန ၄ ခုတို့မှာ သတင်း ထုတ်ပြန် ရန် အင်တာနက် ဝက်ဘ်စာမျက်နှာပင် တရားဝင် လွှင့်တင်ထားခြင်း မရှိ ပေ။

ထို့ပြင် ပြည်ထဲရေး၊ သတ္ထုတွင်း၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး စသည့် ဝန်ကြီးဌာန ငါးခု၏ ဝက် ဘ် စာမျက်နှာများသည် ဝက်ဘ်ဆိုက်ဒ် လိပ်စာ ရှိသော်လည်း ဝင်ရောက်ကြည့်ရှု၍ မရကြောင်း တွေ့ရှိရသည်။

“ကိုယ့်နိုင်ငံအကြောင်း အချက်အလက်ရှာချင်ရင် အမေရိကန်က စီအိုင်အေ Factbook ဝက်ဘ်ဆိုက်ဒ်မှာ သွားရှာနေ ရတယ်။ ဒီက ဝန် ကြီး ဌာန ဝက်ဘ်ဆိုက်ဒ်တွေက အသုံး မဝင် သလောက်ပဲ” ဟု အင်တာနက်တွင် သတင်း အချက် အလက် နေ့စဉ် ရှာဖွေ နေရသော လုပ်သက် ဆယ်နှစ်ရှိ သတင်း အယ်ဒီတာတဦးက သူ၏ အတွေ့အကြုံကို ပြောသည်။

ယခင်အစိုးရ လက်ထက်ကတည်းကပင် အကောင်အထည် ဖော်ခဲ့သော အင်တာနက်မှ တဆင့် အစိုးရ ယန္တရား၏ လုပ်ငန်းဆောင် တာများ ကို ချိတ်ဆက်ဆောင်ရွက်သည့် e-Government စနစ်ကို ယခု အ စိုးရသစ် လက်ထက်တွင် လည်း ဆက်လက် အကောင် အထည် ဖော် နေ သော်လည်း ဝန်ကြီးဌာနများ၏ အင်တာနက် စာမျက်နှာများသည် သတင်း အချက်အလက် ထုတ်လွှင့်ပေးမှု မရှိသလောက် နည်းပါး နေဆဲ ဖြစ်သည်။

နိုင်ငံတော်၏ သတင်းနှင့် အချက်အလက်များကို ထုတ်ပြန်ပေးသည့် ပြန်ကြားရေး ဝန်ကြီးဌာနသည်ပင် တရားဝင် သီးသန့် အင်တာနက် စာမျက်နှာ မတွေ့ရှိရဘဲ modins.net ဝက်ဘ်ဆိုက်ဒ်မှ တဆင့် ဌာန၏ အကြောင်းအရာ အချို့ကိုသာ လွှင့်တင်ပေးထားကြောင်း တွေ့ရ သည်။

ဝန်ကြီးဌာန အားလုံးအနက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနမှ လွှင့်တင်သော ဝက်ဘ် စာမျက်နှာ သည် သတင်းအ ချက်အလက် အများဆုံးတင်သည့် စာမျက်နှာဖြစ်ပြီး ၅ ဒဿမ ၄ ရက်လျှင် တကြိမ် သတင်း အချက်အလက် လွှင့်တင်ကြောင်း တွေ့ရ သည်။

“ဝန်ကြီးဌာနတွေအနေနဲ့ e-Government စနစ် ပီပြင်လာအောင် ဒီ့ထက်ပို လုပ်ဖို့လိုလာပြီ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အမှုဆောင်ကော်မတီဝင် ဦးအောင်ဇော်မြင့်က ဆိုသည်။

၎င်းက ဝန်ကြီးဌာနများ လက်အောက်ရှိ အိုင်တီဌာနများ ပိုပီပြင်လာဖို့လိုကြောင်း၊ e-Government စနစ် ပီပြင်လာ လျှင် ပြည်သူ့အတွက် သာမက အစိုးရအတွက်ပါ ကောင်းကျိုးများ ရှိကြောင်း ပြောသည်။

ဦးအောင်ဇော်မြင့်၏ အဆိုအရ အင်တာနက်တွင် ဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ် စာမျက်နှာများ ထုတ်လွှင့်ခြင်းသည် အစိုးရ၏ ညွှန် ကြား ချက်များကို ပြည်သူများ ဖတ်ရှုရန်အတွက် သာမက ပြည်သူ့အတွက် ဝန်ဆောင်မှု လုပ်ငန်းများကိုပါ ပူးတွဲ ဆောင်ရွက်ရန်လည်း အသုံးဝင်ကြောင်း သိရသည်။

ထိုကဲ့သို့ ၀န်ကြီးဌာနများ၏ ၀ဘ်ဆိုက်များ အားနည်းနေသော်လည်း မေလ ပထမပတ် အတွင်းကမှ စတင်လွှင့်တင် ခဲ့သည့် နိုင်ငံတော် သမ္မ တ ရုံး၏ အင်တာနက် ဝက်ဘ်ဆိုက်ဒ် စာမျက်နှာမှာ သမ္မတ ရုံး ဆိုင်ရာ သတင်းများကို အချိန်နှင့် တပြေးညီ လွှင့်တင်ပေးနေ၍ ဝင် ရောက်ကြည့်ရှုသူ များပြားလျက်ရှိသည်ဟု အင်တာနက် သုံးစွဲသူများထံမှ သိရသည်။

No comments: