Tuesday, May 29, 2012

သျှမ်းပြည် မြို့တော်နှင့် အခြားမြို့ ငယ်များ ၌လည်း လျှပ်စစ်မီး ပြတ်တောက်ရေး ပြသနာ ကြုံတွေ့ရ

သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ မြို့ကြီးများကဲ့သို့ သျှမ်းပြည်နယ်၏မြို့တော် တောင်ကြီးနှင့် ကျိုင်းတောင်းရေအားလျှပ်စစ်ရုံး စိုက်ရာ လင်းခေးမြို့ တို့တွင် လည်း လျှပ်စစ်မီးပြတ်တောက်မှုများရှိနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်က ဆိုပါသည်။

“ မီးက ၆ နာရီဘဲရတော့တယ်။ ဒီလထဲမှာအဲလိုစဖြစ်တယ်။ အရင်နှစ်တွေတော့ မီးပြတ်ရင် လောပီတ ရေခန်းလို့ ဆိုပြီး ဧပြီလောက်မှာ ဘဲ ဖြစ်တယ်။ အခု အရမ်း ပူတဲ့ ကာလလွန်သွားပြီလေ။ ဘာကြောင့် မီးပြတ်နေသလဲဆိုတာ မသိရသေးပါဘူး” တောင်ကြီးမြို့ဒေသခံ ကို ထွေးက ပြောသည်။

ရန်ကုန်မြို့၊ ပဲခူးမြို့၊ ပြည်မြို့၊ မကွေးမြို့တို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒပြနေချိန် သျှမ်းပြည် မြို့တော် တောင်ကြီး နှင့်ကျိုင်းတောင်းရေအားလျှပ်စစ်ထုတ်လုပ်ရေးရုံးအ ခြေစိုက်လင်းခေးမြို့တွင်လည်း တရက်လျှင်မီး ၆ နာရီ ခန့်သာ ရရှိ တော့ သဖြင့် ဒေသ ခံများ အခက်တွေ့ နေရကြောင်း ကိုထွေးကပြောသည်။

“ မီးက ၆ နာရီလောက်သာလာပြီး ၁၈ နာရီလောက်ပျက်နေတယ်။ ကျိုင်းတောင်းရေအားလျှပ်စစ်ကနေ မီးမရတုန်းက ကိစ္စမရှိပေမယ့် အခု မီးလဲရရော လုပ်ငန်းတွေလဲ လည်ပတ်နေပြီဆိုတော့ အဲလိုပျက်ဖန်များရင် လူတွေဒုက္ခရောက် ကုန်တာ ပေါ့ဗျာ။ တိုးတက်မှုအတွက် လျှပ် စစ်မီးဆိုတာ မရှိမဖြစ်ဘဲမဟုတ်လား” ဟု လင်းခေးဒေသခံ ကိုစိုင်းကလည်း သျှမ်း သံတော် ဆင့်အား ပြောသည်။

သျှမ်းပြည်နယ် မြို့တော်တောင်ကြီးကဲ့သို့ အခြားသော မြို့နယ်များ၌လည်း လျှပ်စစ်မီးပြတ်တောက်ရေးနှင့်ပတ်သက်သည့် အခက်အခဲများ ခံစားနေရကြောင်းလည်း သျှမ်းပြည်အလယ်ပိုင်းမှ ကုန်သည် စိုင်းလိတ်က ပြောသည်။

သို့သော် မြန်မာ့ ရုပ်မြင်သံကြားကမူ - နွေရာသီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများ ပြည်သူများ အတွက် ဓာတ် အား ပြတ်တောက်သည့် နေရာများတွင် သောက်သုံးရေရရှိရေးနှင့် ညဘက် မီးရရှိရေးတို့အတွက် လက်ရှိ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ပေး လျှက်ရှိသည့် ဓာတ်အားပေးစက်များ ထပ်မံဝယ်ယူ ဖြည့်တင်း၍ တိုးမြှင့်ဖြန့်ဖြူးပေးလျှက် ရှိပါသည်ဟု- ယခင်အပတ်ထဲက ကြေငြာ ခဲ့ပါ သည်။

No comments: