Monday, May 28, 2012

ဆန္ဒပြသူအချို့​ကို ရဲကထိုး​ကြိတ်မှုအ​ပေါ် အန်အယ်လ်ဒီကို ​ခေါ်ယူ​မေး​မြန်း

အေး​နိုင်

ဒီလ ၂၄ ရက်​နေ့​ညက ပဲခူး​တိုင်း​ သာယာဝတီမြို့​မှာ ဆန္ဒပြလူငယ်​တွေကို ရဲစခန်း​မှူး​က ထိုး​ကြိတ်တဲ့​အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (သာယာဝတီမြို့​နယ်) ရဲ့​ သ​ဘောထား​ကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ​ခေါ်ယူညှိနှိုင်း​ ​မေး​မြန်း​ပါတယ်။

လ်ွပ်စစ်မီး​ရရှိ​ရေး​ ဖ​ယောင်း​တိုင်ထွန်း​ ဆန္ဒပြတဲ့​ လူငယ် ၅ ဦး​ကို သုံး​ဆယ်တံတား​အနီး​မှာ ရဲ ၁၆ ​ယောက်ခန့်​က တား​ပြီး​ ရဲစခန်း​မှူး​ ဦး​စိန်​ထွေး​နဲ့​ အရပ်ဝတ်တဦး​က ကိုယ်ထိလက်​ရောက် ထိုး​ကြိတ်ခဲ့​ပါတယ်။ ဒီကိစ္စ မီဒီယာမှာပါလာပြီး​တဲ့​နောက် သတင်း​တပ်ဖွဲ့​က ထိုး​ကြိတ်ခံရ သူ လူငယ်​တွေကို ​မေး​မြန်း​ခဲ့​ပါတယ်။ ထိုး​ခံရတဲ့​ လူငယ် ကို​အောင်မျိုး​ အပါအဝင် လူငယ်တချို့​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေ ဖြစ်ကြပါတယ်။

ဒီ​နေ့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က သာယာဝတီမြို့​နယ်အဖွဲ့​ချုပ် ဥက္ကဋ္ဌ ဦး​အောင်မြင့်​ကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ရုံး​ကို ​ခေါ်ယူ​မေး​မြန်း​ပါတယ်။

ဦး​အောင်မြင့်​က “​မေ ၂၄ရက် ညက ဖြစ်တာကို ​ခေါ်ယူညှိနှိုင်း​ဆွေး​နွေး​တာ​ပေါ့​။ အန်အယ်လ်ဒီ ပါတီအ​နေနဲ့​ ဒီကိစ္စကို ဥပ​ဒေအရ ဆက် လက် အ​ရေး​ယူနိုင်မလား​ပေါ့​။ ကျ​နော်တို့​က ပြဿနာဖြစ်ပွား​တဲ့​ က​လေး​သည် အန်အယ်လ်ဒီပါတီဝင် ဖြစ်တယ်။ ဒါ​ပေမယ့်​ သူ့​ရဲ့​ နိုင်ငံ​ရေး​ လှုပ်ရှား​မှုက အန်အယ်လ်ဒီပါတီ တစုလုံး​အ​နေနဲ့​ လုပ်တာမဟုတ်ဘဲ သူတို့​လူငယ်တစု လုပ်တာ ဖြစ်တဲ့​အတွက် ရဲရဲ့​ဥပ​ဒေအရ တရား​စွဲမှု မစွဲမှုသည် ကာယကံရှင် ကို​အောင်မျိုး​နဲ့​သာ အဓိက သက်ဆိုင်သည်လို့​ ကျ​နော်တို့​က ​ဖြေရှင်း​ချက်​ပေး​တယ်။ တကယ်လို့​ ကို​အောင်မျိုး​က အန်အယ်လ်ဒီ ပါတီဝင် ဖြစ်တဲ့​အတွက် ပါတီက အ​ရေး​ယူ​ ဆောင်ရွက်​ ပေး​ပါလို့​ တင်ပြ လာရင်လည်း​ ကျ​နော်တို့​က အ​ရေး​ယူ​ ဆောင်ရွက်​ ပေး​မယ်လို့​ ​ဖြေကြား​ လိုက်တယ်” လို့​ ​ပြောပါတယ်။

ဒီ​တွေ့​ဆုံရာမှာ မြို့​နယ်ဥပ​ဒေ အကြံ​ပေး​အရာရှိ​တွေ၊​ မြို့​နယ်ရဲတပ်ဖွဲ့​မှူး​၊​ ထိုး​ကြိတ်တဲ့​ ရဲစခန်း​မှူး​ ဦး​စိန်​ထွေး​နဲ့​ မြို့​နယ်​ကော်မရှင် တာဝန်ရှိသူ​တွေပါ တက်​ရောက်ကြတယ်လို့​ ဆိုပါတယ်။ ပါတီက ကာယကံရှင် လူငယ်​တွေကို ပါတီရုံး​ကို ​ခေါ်ထား​တယ်လို့​ သူက ဆက်​ပြောပါတယ်။

“ကာယကံရှင် ကို​အောင်မျိုး​တို့​ကို ရုံး​ကို​ခေါ်ထား​တယ်။ သူတို့​ကို ဖြစ်ပွား​တဲ့​ ပြဿနာနဲ့​ ပတ်သက်ပြီး​ ပါတီအ​နေနဲ့​ ​ဆောင်ရွက်​ပေး​ရမှာလား​။ တဦး​ချင်း​စီအ​နေနဲ့​ တရား​စွဲဆိုရမှာလား​ ဆိုတာ​မေး​မြန်း​ရမယ်။ က​လေး​တွေကို ဆင့်​ခေါ်ထား​ပါတယ်။”

လ်ွပ်စစ်မီး​ရရှိ​ရေး​ ဆန္ဒပြပွဲ​တွေကို သာယာဝတီခရိုင် သုံး​ဆယ်မြို့​မှာ ​မေ ၂၅ ရက်​နေ့​ညကလည်း​ လမ်း​လေ်ွာက် စီတန်း​လှည့်​လည်ခြင်း​မပြု ဘဲ သတ်မှတ်​နေရာ​တွေမှာလုပ်ခဲ့​ပြီး​ ၂၇ ရက်​နေ့​ထိ ဆက်လက် လုပ်​ဆောင်သွား​မယ်လို့​ ဦး​အောင်မြင့်​က ​ပြောပါတယ်။

ဆန္ဒပြပွဲ​တွေကို ကျန်​နေရာမှာ အကြမ်း​ဖက်မှုမရှိ​ပေမယ့်​ ပြည်မြို့​မှာလည်း​ ရဲက လူ ၆ ​ယောက်ကို ထိုး​ကြိတ်ဖမ်း​ဆီး​ပြီး​ ပြည်​ထောင် အချုပ် မှာ စီတန်း​လှည့်​လည် ဆန္ဒပြခွင့်​ ဥပ​ဒေပုဒ်မနဲ့​ တရား​စွဲထား​ပါ တယ်။ လယ်သမား​တွေဘက်ကလည်း​ ရိုက်နှက်သူ ရဲ​တွေကို ​သောကြာ​နေ့​က ရဲစခန်း​မှာ အမှုဖွင့်​ရာ ရဲက အမှုလက်မခံတာ​ကြောင့်​ လာမယ့်​ တနင်္လာ​နေ့​ ရုံး​ဖွင့်​ရက်မှာ တရား​ရုံး​ကို ဦး​တိုက်​လေ်ွာက် တိုင်တန်း​တော့​မှာ ဖြစ်ပါတယ်။

မေ ၂၀ ရက်ကစလို့​ လ်ွပ်စစ်မီး​ရ​ရေး​ ​တောင်း​ဆိုဆန္ဒပြပွဲ​တွေ မန္တ​လေး​၊​ သုံး​ခွ၊​ ရန်ကုန် မုံရွာနဲ့​ ​ပေါင်း​တည် စတဲ့​နေရာ​တွေမှာ ဖြစ်​နေတာပါ။

No comments: