Thursday, May 31, 2012

ပုံပါကျင် တိုက်ပွဲ အတွက် RCSS / SSA အား တပ်မတော်မှ တောင်းပန်

သျှမ်းသံတော်ဆင့်

ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်ဆွေးနွေးသဘောတူညီချက်ရခဲ့ပြီးဖြစ်သော်လည်း မေလ ၂၃ ရက်နေ့က ထပ်မံဖြစ်ပွါးခဲ့သော တိုက်ပွဲ ကြောင့် သျှမ်းပြည် တပ်မတော်အား တပ်မတော်ဘက်မှ တရားဝင် တောင်းပန် ခဲ့ ကြောင်း RCSS ခေါင်းဆောင်က ပြောသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ (၁) တပ်မတော် ဒုတိယကာကွယ် ရေးဦးစီးချုပ်/ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းက ကျနော်တို့ဆီကို တရားဝင် တောင်း ပန် ခဲ့တယ်။ သျှမ်းပြည်တွင်းအခြေ စိုက်တဲ့ စစ်တိုင်းရုံးတွေဆီကိုလဲ RCSS/SSA နဲ့ အပစ်ရပ်ဖို့ အမိန့်စာပေးပို့ လိုက် ပြီလို့ သူကပြောပါတယ်” - ဟု သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ် ချုပ်ကြီး ယွက်စစ် က သျှမ်းသံတော် ဆင့်အား ပြောပြသည်။

မေလ ၁၉ ရက်က ကျိုင်းတုံမြို့၌ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေးကာ သဘောတူညီချက် ၁၂ ချက် ရရှိပြီးနောက်ပိုင်း မေလ ၂၃ ရက်က သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်ခွဲမြောက်ဘက် လွယ်ကောင်းမူးစေတီ အရှေ့ဘက် လွယ်ငေါင်း(မ်း) အနီးတွင်နှစ်ဘက် တိုက် ပွဲဖြစ်ပွားခဲ့ရ၏။

တိုက်ပွဲဖြစ်ပွားစဉ် အစိုးရတပ် ခလရ ၆၅ က တပ်ပြေးများအား လိုက်လံရှာဖွေရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့၍ အ ပစ်အခတ်ရပ်စဲခဲ့သည်။ ထိုတိုင်ပွဲတွင် နှစ်ဘက် အသေ အ ပျောက် စာရင်းမရှိဟုဆိုသည်။

သို့သော်လွယ်ကောင်းမူး (စေတီတော်) တပ်စခန်းအား အများကိုးကွယ်ရာဖြစ်ကြောင်း လူထုတောင်းဆိုချက် ကြောင့် သျှမ်းပြည်တပ်မတော်မှ တပ်ရုပ်ပေးခဲ့ ပြီးနောက် အစိုးရတပ် မှ ဝင်ရောက် အစားထိုး တပ်စွဲထားသည်။

ကျိုင်းတုံဆွေးနွေးမှုအပြီး ညစာစာပွဲ၌ မြန်မာအစိုးရကိုယ်စားလှယ်နှင့်သျှမ်းပြည်တပ်မတော်တို့အကြား ဆက် သွယ်မှု လွယ်ကူ မြန်ဆန် စေ ရေးအတွက် ဆက်သွယ် နိုင်သည့် ဖုန်း နံပတ်များ နှင့် အီးမေးလ် အကောင့်များလဲလှယ် ခဲ့ကြကြောင်း၊ လက်ရှိအခြေအနေတွင် လူထု နှင့် တခြားအဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်လွှတ်၍ တွေ့ဆုံ ဆွေးနွေးမှု နိုင်ငံရေးအပေါ်လူထုအမြင်သဘောထားနှင့် အနာဂတ်တွင် စစ်မှန် သည့် ပြည်ထောင်စုဖြစ် ပေါ်လာ ရေးအတွက် လူထုအမြင်သဘောထားအားသိရှိရန် အဓိကဦးစားပေးလုပ်သွားမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ် ချုပ်ကြီးယွက်စစ်က ဆက်၍ပြောပါသည်။

No comments: