Tuesday, May 29, 2012

ဒေါ်​အောင်ဆန်း​စုကြည် မဟာချိုင်တွင် မြန်မာအလုပ်သမား​များ​နှင့်​ ​တွေ့​မည်

ပီတာအောင်

ကမ္ဘာ့​စီး​ပွား​ရေး​ဖိုရမ်တက်ဖို့​ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​ကို လာ​ရောက်မယ့်​ မြန်မာ့​ဒီမို က​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ထိုင်း​နိုင်ငံ​ရောက် မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​တွေကလည်း​ ကြိုဆို​တွေ့​ဆုံဖို့​ ပြင်ဆင်​နေတယ်လို့​အလုပ်သမား​အဖွဲ့​တွေက ​ပြောပါတယ်။

အလုပ်သမား​တွေနဲ့​ ​တွေ့​ဆုံမယ့်​ ကိစ္စနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင် ဆန်း​စုကြည်ရဲ့​လုံခြုံ​ရေး​အရာရှိ ဦး​ခွန်သာမြင့်​က စမွတ်စခွန်ခရိုင် (မဟာချိုင်​ဒေသ) က အလုပ်သမား​အဖွဲ့​အစည်း​တွေနဲ့​ လာ​ရောက်​ဆွေး​နွေး​ခဲ့​ပြီး​ စီစဉ်ခဲ့​တယ်လို့​ ​ရွှေ့​ပြောင်း​အလုပ်သမား​ အခွင့်​အ​ရေး​ကွန်ရက် ဥက္ကဋ္ဌ ဦး​အောင်​ကျော်က ဒီဗွီဘီကို ​ပြောပြခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဗုဒ္ဓဟူး​နေ့​ မနက် ၈ နာရီခွဲ​လောက်မှာ မဟာ ချိုင်က ယာယီ အလုပ်သမား​ပတ်စပို့​ ထုတ်​ပေး​မှုကို ​လေ့​လာပြီး​ မြန်မာ အလုပ်သမား​တွေ အများ​အပြား​ အလုပ်လုပ်​နေတဲ့​ မဟာချိုင် သလာ ကွန်း​ ပုစွန်​ဈေး​နဲ့​ အလုပ်သမား​အဖွဲ့​အစည်း​တချို့​ကို သွား​ရောက် ​လေ့​လာဖို့​ စီစဉ်ထား​တယ်လို့​သိရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဘန်​ကောက်မှာ ကျင်း​ပမယ့်​ အ​ရှေ့​အာရှဆိုင်ရာ ကမ္ဘာ့​စီး​ ပွား​ရေး​ ဖိုရမ်ကိုတက်ဖို့​ ထိုင်း​နိုင်ငံကို ​ရောက်ရှိလာ တာဖြစ်ပြီး​ အစည်း​အ​ဝေး​ ​နောက်ဆုံး​နေ့​ဖြစ်တဲ့​ ဇွန် ၁ ရက်​နေ့​မှာ One – on – One အ​မေး​အ​ဖြေကဏ္ဍ မိနစ် ၃၀ ကြာ စကား​ပြောဖို့​ အစီ အစဉ် ရှိပါတယ်။

ဒီက​နေ့​ ည​နေပိုင်း​မှာ ရန်ကုန်က​နေ ဘန်​ကောက်ကို ထိုင်း​လေ​ကြောင်း​လိုင်း​ (တီဂျီ) နဲ့​ ​ရောက်ရှိလာမှာဖြစ်ပြီ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူ လွှတ်​တော်ကိုယ်စား​ လှယ် ​ဒေါ်စန္ဒာမင်း​၊​ ကိုယ်​ရေး​အရာရှိ ​ဒေါက်တာ ဇင်မာ​အောင်၊​ လုံခြုံ​ရေး​ ဦး​စိုး​ဝင်း​တို့​လည်း​ လိုက်ပါလာဖို့​ရှိ​နေပါတယ်။

ဇွန် ၂ ရက်​နေ့​မှာ​တော့​ ထိုင်း​-မြန်မာနယ်စပ်က အကြီး​ဆုံး​ဒုက္ခသည်စခန်း​ တခုဖြစ်တဲ့​ မယ်လဒုက္ခသည်စခန်း​နဲ့​ ​ဒေါက်တာ စင်သီယာ​မောင် ရဲ့​ မယ်​တော်​ဆေး​ခန်း​ကို သွား​ရောက်ဖို့​ရှိပြီး​ နယ်စပ်က တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိပါတယ်။

No comments: