အေးနိုင်
အစိုးရတပ်တွေနဲ့ ကေအိုင်အိုအကြား ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ လူမျိုးရေး ချေမှုန်းတဲ့ ဘက်ကို ရောက်နေတယ်လို့ ကေအိုင်အိုအဖွဲ့က ကုလသမဂ္ဂကို စာပို့တိုင်ကြားလိုက်ပြီး ကြားဝင်ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းခရားက ဒီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့စာထဲမှာ ရေးထားတာပါ။
ကေအိုင်အို လက်ထောက်နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းစ်လွန်ဒေါင်က မြန်မာ အစိုးရတပ်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ လူမျိုးရေးချေမှုန်းတဲ့ဘက်ကို ဦးတည်ပုံကို ခုလို ပြောပါတယ်။
“တပ်မတော်ကနေ လူမျိုးရေး ချေမှုန်းမှုကို လုပ်နေတယ်။ ဘာလို့လဲဆိုရင် ကေအိုင်အိုရဲ့နယ်မြေကို သိမ်းလာတဲ့အပြင် ပြည်သူလူထုရဲ့ နယ်မြေ ဧကပေါင်း သိန်းပေါင်းချီပြီး လေ်ွာက်သိမ်းတယ်။ စီးပွားရေးပိုင်းမှာဆိုရင်လည်း ကြေညာနေပြီ။ ကျောက်စိမ်းတွင်းတွေကို ဘယ်သူမှမလုပ်ရဘူး။ တဖြည်းတဖြည်း သိမ်းကျုံးလာတယ်။ တခြား တော်လှန်ရေးအဖွဲ့ အကုန် လုံးက အပစ်ခတ်ရပ်စဲထားပြီး၊ ရပ်ထားတဲ့သူတွေကိုတောင် သက်သက်မဲ့ လာတိုက်တယ်ဆိုတော့ လူမျိုးရေးဘက်ရောက်သွားတာပေါ့။”
လူထုတင်မြှောက်တဲ့ အစိုးရ ပေါ်ပေါက်ချိန်၊ မဟာမိတ်တွေ အပစ်အခတ် ရပ်စဲချိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းပကားတွေကို အသုံးချ ရမယ့် အချိန်ကောင်းမှာ ကေအိုင်အိုကို အစိုးရက တိုက်တာပါလို့ ဂျိမ်းစ်လွန်ဒေါင်က ပြောပါတယ်။
“လူထုရဲ့ အစိုးရတတ်လာပြီ။ တချိန်တည်းမှာ တခြား မဟာမိတ်အဖွဲ့တွေကလည်း အပစ်ခတ်ရပ်စဲပြီ။ ရှေ့ရေးက အင်မတန်မှကောင်းတယ်။ အထူးသဖြင့် ဒေါ်စုက နိုင်ငံရေးပိုင်းမှာသော်လည်းကောင်း၊ လူမှုရေးပိုင်းမှာသော်လည်းကောင်း၊ ဥပဒေပိုင်းဆိုင်ရာ အမျိုးမျိုးမှာ ပြည်သူလူ ထုရဲ့ အကျိုးအတွက် ဦးဆောင်တဲ့၊ ပါဝင်ဆောင်ရွက်တဲ့ အပိုင်းမှာရှိနေတယ်။ အဲ့အတွက် ကျနော်တို့က အင်မတန်မှ အားရမိနေ တယ်။ ဒီ လိုအားရမိနေတဲ့အချိန်မှာတောင် တပ်မတော်က ဇွန်လ ၉ ရက်နေ့မှာ ကျနော်တို့ကို လာတိုက်တယ်။”
ဦးသိန်းစိန်က မနှစ် ဒီဇင်ဘာ ၁၀ ရက်ကတည်းက မတိုက်တော့ဖို့ အမိန့်ပေးထားပေမယ့် အစိုးရတပ်ဖွဲ့တွေဟာ ကေအိုင်အိုကို တပ်မဟာ ၅ ခုစလုံးကို ဆက်လက် တိုက်ခိုက်နေသလို ၁ နှစ်အတွင်း တိုက်ပွဲ စုစုပေါင်း ၁၄၀၀ ဝန်းကျင်ရှိတယ်လို့ သူက ပြောပါတယ်။
စာပေးပို့ပြီး ၄ ရက်အကြာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ပြီး ကေအိုင်အိုအပေါ် ထိုး စစ်တွေကို ရပ်တန့်ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ တောင်းဆိုခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကလည်း ကချင် ပြည် နယ်တွင်း စစ်ဖြစ် နေတဲ့ အပေါ် စိုးရိမ်ကြောင်း ထုတ်ပြော ခဲ့ပါ တယ်။
နှစ်ဘက်အကြား တိုက်ပွဲပြန်ဖြစ်ပြီးတဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ကြပေမယ့် မပြေလည်ဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ကေအိုင်အို ခေါင်းဆောင်တွေကို ထိုင်းနိုင်ငံမှာ အ လွတ်သဘော တွေ့ဆုံခဲ့ပါတယ်။
No comments:
Post a Comment