ဒီဗွီဘီ
မန္တလေးတိုင်း မိထ္ထီလာနယ် ဝမ်းတွင်းမြို့နယ် ပဲခင်းကျော် ကျေးရွာအုပ် စု ထဲက တမာကုန်း ကျေးရွာတွေမှာ သန်းဇော်ရွှေကုမ္ပဏီက စိုက်ပျိုးရေးလုပ်ငန်းအတွက် လယ်သမားတွေရဲ့ လယ်မြေဧက ၁၂ ဧကကျော်ကို သိမ်းယူလိုက်တယ်လို့ လယ်သမားရေး ကူညီဆောင်ရွက်ပေးနေသူ ဦးလွင်မောင်မောင်က ပြောပါတယ်။
“ပဲခင်းတွေကို ဖျက်ဆီးပြီး လယ်မြေတွေကို သိမ်းမယ်လို့ပြောတယ်ဗျ။ ၁၂.၅ ဧကပေါ့ဗျာ။ အသိမ်းခံရတဲ့လူတွေက ဦးမြင့်မောင်၊ ဦးသံချောင်း၊ ဒေါ်မြင့်တင်၊ ဦးကျော်မောင်၊ ဦးမြင့်သိန်းရယ်။ လယ်သမားတွေက မသိမ်းဖို့ သန်းဇော်ရွှေ ကုမ္ပဏီနဲ့ ဝမ်းတွင်းမြို့နယ် မြေစာရင်းဌာနကို သွားပြီး ပြော တယ်။ မြေစာရင်းဌာနက သန်းဇော်ရွှေ ကုမ္ပဏီကို ဧကပေါင်း ၅၀၀ ကျော် လုပ်ပိုင်ခွင့်ပေးထားပြီးကြောင်း အကြောင်းကြားတယ်ဗျ။”
သန်းဇော်ရွှေကုမ္ပဏီက သိမ်းထားတဲ့လယ်သမားတွေရဲ့ မြေတွေမှာ စပျစ် ပင်နဲ့ ဇီးပင်တွေ စိုက်ပျိုးထားပြီး လယ်ယာတွေ စိုက်ပျိုးခွင့်မရတဲ့ လယ်သမား မိသားစုတွေကတော့ စားဝတ်နေရေး အခက်အခဲ အကျပ် အ တည်းနဲ့ ရင်ဆိုင် နေကြ ရတယ်လို့ လယ်သမား မိသားစုဝင်တဦးက ပြောပါတယ်။
“ကျနော့်ဦးလေဆိုရင် ရှိတဲ့လယ်တွေ အသိမ်းခံလိုက်ရလို့ နွားတွေတောင် ရောင်းပစ်လိုက်ရပါပြီဗျ။ လက်လုပ်လက်စားဘဝကို ရောက်နေပါ ပြီ။ ကိုယ့်လယ်ကို ပြန်မလုပ်ရသေးတော့ သူများဆီမှာ စာရင်းငှားလုပ်ပြီး ကျပန်းအလုပ်နဲ့ တော်တော်ကို ဆင်းဆင်းရဲရဲ ဖြစ် နေပါ တယ်။ ကျနော်တို့အနေနဲ့ အသိမ်းခံရတဲ့မြေတွေကို ပြန်ရချင်ပါတယ်။ လျော်ကြေးတွေလည်း မမက်ဘူး။ ဒါလေးနဲ့ လုပ်ကိုင်စားသောက် နေ ရတာ ကိုယ့်မိသားစု ဝမ်းစာ အဆင်ပြေတယ်။ ဒါကြောင့် ပြန်ရချင်တယ်။”
ဒီလယ်မြေတွေ ပြန်ရရေးအတွက် ဒေသတွင်းက လယ်သမား ၁၀၀ ကျော်လောက် လက်မှတ်ရေးထိုးပြီး ဝမ်းတွင်းမြို့နယ်ရဲ့ မြေစာရင်းဦးစီးဌာနနဲ့ မြေသိမ်းတဲ့ ကုမ္ပဏီဆီ သွားရောက်ကန့်ကွက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် အာဏာပိုင်တွေက ဖြေရှင်းပေးခြင်း မရှိသေးဘဲ အထက်ကို တင်ပြပေးမယ်လို့သာ တုံ့ပြန်ခဲ့တယ်လို့ လယ်သမားတွေက ပြောပါ တယ်။
လယ်သမားတွေကတော့ သိမ်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး ဒါမှမဟုတ် ထိုက်တန်တဲ့ နစ်နာကြေးရရေး ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
No comments:
Post a Comment