Tuesday, May 22, 2012

ဝမ့်ဟိုင်း ဌာနချုပ် ၅၄ နှစ်မြောက် အမျိုးသား တော်လှန်ရေးနေ့ သျှမ်းပြည် နစ်နာချက် များအား သုံးသပ်ပြ

သျှမ်းသံတော်ဆင့်

မိန့်ခွန်းပြောကြားနေသည့် နာယက ဒု-ဗိုလ်ချုပ်ကြီးဆေထဲန်

၅၄ နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာချုပ်၌ ယမန်နေ့က ကျင်းပရာ လူထု အများအပြားတက်ရောက်ကြောင်း ကြားသိရပါသည်။

“လွတ်လပ်ရေး ရချိန်ကစပြီး ကနေ့အထိ သျှမ်းပြည်က အရမ်းကြီးကိုနစ်နာတယ်။ စီးပွားရေး၊ ပညာရေး ၊ လူမှုရေး၊ နိုင်ငံရေး၊ တွင်းထွက် သယံဇာတ၊ သစ်တော သုံးသပ် ကြည့်ရင် ဘက်စုံကျဆင်းတယ်။ နစ်နာတယ်။ ဒီလိုနစ်နာနေသရွေ့ လက်နက်ကိုင် လမ်းစဉ်ကို ဘယ်လို နည်းနဲ့မှ စွန့်လွတ် လို့မ ရဘူး” - ဟု ဗိုလ်မှူး ခွန်ဆိုင် က ပြောကြား ကြောင်း အခမ်း အနား တက်ရောက်သည့် လူငယ် တဦးက သျှမ်းသံ တော်ဆင့်သို့ ပြန်လည် ပြောပြ ပါသည်။

နာယကအဖွဲ့

အဆိုပါအခမ်းအနား၌ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထဲန်၊ ဒုဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် ဗိုလ်မှူးကြီးခွန်ဆိုင်၊ လူထုကိုယ်စားလှယ် စာဆို(စရေး) ဩသထ တို့က အမှာစကားအသီးသီးပြောကြားကြောင်း ဝမ့်ဟိုင်းအရာရှိတဦးက ပြောပါသည်။

တက်ရောက်သည့် SSPP/SSA အရာရှိများ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၀ နှစ်ပြည့်ကျော်သော်လည်း စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအပြင် တိုင်းရင်း သား တန်းတူရေး မရရှိဘဲ တဖြည်းဖြည်း ပို၍ ဆုတ်ယုတ် လာ ကြောင်း၊ ၁၉၅၂ တရုတ်ဖြူ တပ်အ ကြောင်း ပြပြီး ဗမာ တပ်မ တော်က သျှမ်းပြည်သို့ အင်အား ဖြည့်လာ သည်မှာ ယနေ့တိုင် တပ်ရုပ်ခြင်း မရှိကြောင်း၊ ထို့ကြောင့် သျှမ်းပြည် တော်လှန်ရေး ဖခင် စဝ်နွဲ့ဆော ယန္တက လူငယ် ၃၀ ကျော် အား ဦးဆောင်၍ တန်းတူရေး အတွက် လက်နက်ကိုင် တိုက်ခိုက် မှသာ ရရှိနိုင် မည်ဟု ယုံကြည် သော ကြောင့် သွေးသစ္စာ ရေသောက် ကာ နွံစစ်ဟန် တပ်မ တော်ကို ၁၉၅၈ မေ ၂၁ ရက်၌ တည်ထောင် ခဲ့ သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထဲန် ကလည်း တပ်သား ထုနှင့် လူထုအား မိန့်မှာခဲ့ သည်ဟု တက် ရောက်သူ များက ပြန်လည် ပြောပြ ပါသည်။

တက်ရောက်သည့် တပ်သားထု

No comments: