Monday, May 21, 2012

ပေါင်း​တည်မြို့​တွင် စည်ပင်က အဓမ္မလုပ်အား​ပေး​ ခိုင်း​စေ

အေး​နိုင်

ပဲခူး​တိုင်း​ဒေသကြီး​ ​ပေါင်း​တည်မြို့​မှာ မြို့​နယ်စည်ပင်သာယာက မြို့​ခံလူထုကို အဓမ္မလုပ်အား​ပေး​ ခိုင်း​စေ​နေတယ်လို့​ မြို့​ခံတဦး​က ​ပြောပြ ပါ တယ်။

လွန်ခဲ့​တဲ့​ ၁၄ ရက်​နေ့​က မြို့​နယ်စည်ပင်သာယာက အိမ်​တွေ​ရှေ့​မှာ တ​ပေခွဲအနက်၊​ သုံး​ပေအကျယ် ​မြောင်း​တွေ မတူး​မ​နေရ တူး​ဖော်ကြဖို့​ စာပို့​ခဲ့​ပြီး​ မလုပ်တဲ့​သူ​တွေကို ဥပ​ဒေပုဒ်မ ၂၀-ဂ နဲ့​အ​ရေး​ယူမယ်လို့​ သတိ​ပေး​ထား​ပါတယ်။

ကိုယ့်​အိမ်​ရှေ့​ကို ကိုယ်​မြောင်း​တူး​ခိုင်း​တာ မှန်​ပေမယ့်​ ဒီအလုပ်ဟာ စည်ပင်သာယာကို အခွန်အခ​ပေး​ထား​ပြီး​မို့​ စည်ပင်သာယာက လုပ်​ဆောင်ရမယ့်​ အလုပ်ဖြစ်တယ်လို့​ မြို့​ခံက ​ပြောပါတယ်။

ဒီကိစ္စနဲ့​ ပတ်သက်လို့​ သူကိုယ်တိုင် မြို့​နယ်စည်ပင်သာယာရုံး​ကို သွား​ရောက် အ​ရေး​ဆိုခဲ့​ရာမှာ တာဝန်ကျစည်ပင်ဝန်ထမ်း​က ဒီဥပ​ဒေဟာ ၁၉၉၅ ခုနှစ်က ထုတ်ပြန်ထား​တဲ့​ ဥပ​ဒေဖြစ်တဲ့​အ​ကြောင်း​ ပြန်လည်ရှင်း​ပြတယ်လို့​ ဆိုပါတယ်။

“အဲဒါကို ကျ​နော်သွား​ပြော​တော့​ ဒီဥစ္စာက ၁၉၉၅ ခုနှစ်က ပြန်လည်ပြင်ဆင်ထား​တဲ့​ဥပ​ဒေပါတဲ့​။ ကျ​နော်က ​ပြောလိုက်တယ်။ ဒီဥစ္စာ​တွေက ခင်ဗျား​တို့​လုပ်ရမှာ ဖြစ်တယ်။ ဥပ​ဒေအရ ဒါကြီး​ကို အတင်း​အကျပ် လုပ်ရမယ်ဆိုတာက မိအိုဖအို အဖွား​အို​တွေ ရှိ​နေတဲ့​အိမ်​တွေမှာ ဘယ် လိုလုပ်မလဲ။ တကယ်လည်း​ရှိတယ်။ ဒီမှာ အိမ်ခွန်၊​ ​မြေခွန်၊​ ခြံခွန်​တွေ စသည်ဖြင့်​ စည်ပင်ကို ​ပေး​ထား​တာကို။”

ကုလသမဂ္ဂက ပြဋ္ဌာန်း​ထား​တဲ့​ အဓ္မလုပ်အား​ခိုင်း​စေမှုဆိုတဲ့​ အဓိပ္ပာယ် သတ်မှတ်ချက်မှာ ဘယ်အလုပ် ကိုမဆို ဆန္ဒမပါဘဲ လုပ်ရတာ၊​ ခိုင်း​တဲ့​အတိုင်း​ လိုက်မလုပ်ရင် ဒါမှမဟုတ် ပူး​ပေါင်း​ဆောင်ရွက်မှုမလုပ်ရင် တစုံတရာ​သော ပြစ်ဒဏ်ခံရမယ်ဆိုတဲ့​ ခြိမ်း​ခြောက်မှု​အောက်မှာ လုပ်​ဆောင်​ပေး​ရခြင်း​လို့​ သတ်မှတ်ထား​ပါတယ်။

အဲဒီအထဲမှာ မြို့​ပြအုပ်ချုပ်​ရေး​ အာဏာပိုင်​တွေအတွက်၊​ စစ်ဘက် အာဏာပိုင်​တွေ၊​ ပုဂ္ဂလိကလုပ်ငန်း​ရှင်​တွေအတွက် လုပ်ရတဲ့​အလုပ်​တွေနဲ့​ ၁၈ နှစ်​အောက် အရွယ်​တွေကို လက်နက်ကိုင်တပ်​တွေမှာ ထည့်​သွင်း​ခြင်း​တို့​ ပါဝင်ပါတယ်။

အိမ်​ရှေ့​မြောင်း​တူး​ခိုင်း​တဲ့​ ကိစ္စနဲ့​ပတ်သက်လို့​ မြို့​နယ်စည်ပင်သာယာရုံး​ကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုး​စား​ရာမှာ ဦး​စီး​အရာရှိက တာဝန်ရှိသူ အစည်း​အ​ဝေး​ထိုင်​နေတယ်လို့​ ​ဖြေဆိုပါတယ်။

မြန်မာအစိုး​ရနဲ့​ ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ်အကြား​ အဓမ္မလုပ်အား​ခိုင်း​စေမှု ပ​ပျောက်​ရေး​ သ​ဘောတူညီချက်ရှိပြီး​ သမ္မတဦး​သိန်း​စိန်က ၂၀၁၅ ခုနှစ်မတိုင်ခင် အဓမ္မလုပ်အား​ခိုင်း​စေမှုပ​ပျောက်​အောင် ​ဆောင်ရွက်မယ်လို့​ လူသိရှင်ကြား​ ထုတ်​ပြောထား​ပါတယ်။

မကြာ​သေး​ခင်ကပဲ အိုင်အယ်လ်အိုအကြီး​အကဲ မြန်မာပြည်ကို လာ​ရောက်စဉ်တုန်း​က တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဒုတိယ ဗိုလ်ချုပ် မှူး​ကြီး​ မင်း​အောင်လှိုင်နဲ့​ ​တွေ့​စဉ်မှာ ကာကွယ်​ရေး​ဦး​စီး​ချုပ်က အ ဓမ္မ ခိုင်း​စေမှု ပ​ပျောက်​ရေး​ကို ​ဆောင်ရွက်မယ့်​အပြင် တပ်မ​တော်သား​တွေက အဓမ္မခိုင်း​စေမှု လုပ်ရင် အရပ်ဘက်ဥပ​ဒေ​တွေအတိုင်း​ အ​ရေး​ယူ​ဆောင်ရွက်ဖို့​ သ​ဘောတူ ​ဆောင်ရွက်​နေပါတယ်။

No comments: