Tuesday, May 22, 2012

ပါတီဥက္ကဋ္ဌ ဦး​အေး​လွင် ​ထောင်ကျ

အေး​နိုင်

ပြည်​ထောင်စုမြန်မာနိုင်ငံ အမျိုး​သား​နိုင်ငံ​ရေး​အဖွဲ့​ချုပ် ​ခေါင်း​ဆောင် ဦး​အေး​ လွင်ကို ရန်ကုန်တိုင်း​ လှည်း​ကူး​မြို့​နယ်တရား​ရုံး​က ဝတ္တရား​နှောင့်​ယှက် မှုနဲ့​ ​ထောင်ဒဏ် ၂ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာ နိုင်ငံ​ရေး​ပါတီတခုရဲ့​ ဥက္ကဋ္ဌတဦး​ကို ပထ မဆုံး​ ​ထောင်ဒဏ်စီရင်ချက် ဖြစ်ပါတယ်။

ဦး​အေး​လွင်ကို ပြီး​ခဲ့​တဲ့​နှစ် ဇူလိုင်က ​နေပြည်​တော်ကို ​မော်​တော်ယာဉ်နဲ့​ သွား​ရောက်ရာ လမ်း​မှာ ဂိတ်​ကြေး​တောင်း​တဲ့​အ​ပေါ် မ​ပေး​တဲ့​အတွက် စကား​ အ​ချေအတင်ဖြစ်ပြီး​ ဝတ္တရား​နှောင့်​ယှက်မှုနဲ့​ တရား​စွဲဆိုခံထား​ရတဲ့​အမှုကို ဒီမနက် စီရင်လိုက်တာလို့​ ပါတီဒုတိယဥက္ကဋ္ဌ ဦး​သန်း​ဦး​က ​ပြော ပါတယ်။

“ပါတီမှတ်ပုံတင်ခြင်း​ဥပ​ဒေ ပုဒ်မ ၁၅(က) (ခ) မှာ ပါတီဝင်​ကြေး​နဲ့​ အလှူ​ငွေ ကို အခွန်အခ ​ပေး​ဆောင်စ ရာမလို ဆိုပြီး​တော့​မှ ​ဖော်ပြထား​ပါတယ်။ ကျ​နော်တို့​ကို ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဖိတ်တဲ့​အ ခါမှာ အဲဒီ​ငွေကို သုံး​စွဲပြီး​တော့​ သွား​တာ​ပေါ့​။ တခြား​ဂိတ်​တွေမှာ အဲဒါ ရှင်း​ပြ​ပြောဆိုတာကို အခွန်​ပေး​စရာ မလိုဘူး​ဆိုပြီး​တော့​ ဖွင့်​ပေး​တယ်ခင်ဗျ၊​ ဒီ​နေရာမှာကျ​တော့​ စကား​ပြော ဖြစ်တယ်​ပေါ့​ဗျာ။ ကျ​နော်တို့​က ဥပ​ဒေကို ​ပြောပြတယ်။ သူတို့​က နား​ထောင်တယ်​ပေါ့​ဗျာ၊​ ကျ​နော်တို့​က ​ပြောမရတဲ့​အခါမှာ ​ငွေ ၅ ​ထောင်ကျပ် ကို ​ပေး​သွား​ပါတယ်။ ​ပေး​သွား​ပြီး​တဲ့​အခါကျ​တော့​မှ သူတို့​က တရား​စွဲတယ်​ပေါ့​ဗျာ၊​ အဲဒီ လို ​ပြောတဲ့​အချိန်မှာ ဝတ္တရား​နှောင့်​ယှက်မှုဖြစ်တယ်​ပေါ့​။

“​နောက်ကကား​တွေလည်း​ပဲ ကြန့်​ကြာသွား​စေတယ်​ပေါ့​။ အဲဒီက ဝန်ထမ်း​တွေလည်း​ အလုပ်လုပ်လို့​မရ​အောင် ဖြစ်သွား​စေတယ်​ပေါ့​။ အဲဒါ​ကြောင့်​မို့​ သူတို့​ ​ထောင်ချတယ်လို့​ ​ပြောပါတယ်” လို့​ ဦး​သန်း​ဦး​က ရှင်း​ပြပါတယ်။ ဒီအမှုကို အထက်အဆင့်​ အယူခံတက်မယ်လို့​ သူက ​ပြော ပါတယ်။

ဦး​အေး​လွင်ကို တရား​ရုံး​က စီရင်ချက်ချမှတ်ပြီး​တာနဲ့​ အင်း​စိန်​ထောင်ကို ​ခေါ်​ဆောင်သွား​တယ်လို့​ ဆိုပါတယ်။ ပြည်​ထောင်စုအမျိုး​သား​နိုင်ငံ​ရေး​အဖွဲ့​ချုပ်က ပါတီဝင် ၂၀၀ ​လောက်ဟာ သူတို့​ပါတီ​ခေါင်း​ဆောင်​ရောက်ရှိ​နေတဲ့​ အင်း​စိန်​ထောင်ဘက်ကို သွား​ရောက်​နေကြပြီး​ မိသား​စုဝင်​တွေက ဦး​အေး​လွင်ကို ​ထောင်ဝင်စာ ​တွေ့​နိုင်ဖို့​ ကြိုး​ပမ်း​နေပါတယ်။

၁၉၈၈ ခုနှစ် ရှစ်​လေး​လုံး​အ​ရေး​တော်ပုံမျာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား​ခဲ့​တဲ့​ ဦး​အေး​လွင်ဟာ တပ်မ​တော်အစိုး​ရနဲ့​ နီး​စပ်တယ်လို့​ ​ဝေဖန် ခံခဲ့​ရပြီး​ စီး​ပွား​ရေး​ပိတ်ဆို့​ဒဏ်ခတ်မှု ရုပ်သိမ်း​ရေး​ လှုပ်ရှား​မှုကို ဦး​ဆောင်လုပ်​ဆောင်ရာမှာ ထင်​ပေါ်ခဲ့​ပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲအကြိုကာလက မဲဆွယ်ပွဲ​တွေမှာ​တော့​ သူပါတီရဲ့​ ပါတီဝင်တချို့​ ကိုယ်ထိလက်​ရောက် တိုက်ခိုက်မှုခံခဲ့​ရပြီး​ သက်ဆိုင် ရာက လုံ​လောက်တဲ့​ အ​ရေး​ယူ​ဆောင်ရွက်မှု မရှိခဲ့​ပါဘူး​။

No comments: