Wednesday, May 23, 2012

အလုပ်ပြန် မဆင်းသူများကို လစာလာထုတ်ရန် ကြေညာစာ ကပ်ထားသည့် အတွက် မကျေ မနပ်ဖြစ်

ရိုးမ ၃

လှိုင်သာယာစက်မှုဇုံ၊ နေမင်းအောင် စက်ရုံမှ ဆန္ဒပြအလုပ်သမားများအား ယနေ့တွင် အလုပ်ပြန် မဆင်းပါက လကုန်ရက် လစာလာထုတ် ရန် ကြေညာစာ ကပ်ထားသည့်အတွက် အလုပ်သမားများ မကျေ မနပ်ဖြစ်နေကြသည်။

ယင်းကြေညာချက်အရ အလုပ်မဆင်းသည့်သူများကို အလုပ်ထုတ်လိုက်သည့် သဘောသက်ရောက်ပြီး အလုပ်သမားများဘက်က တောင်း ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားတဦးက ပြော သည်။

အလုပ်သမားများအနေဖြင့် အခြေခံလစာ သုံးသောင်းကျပ်ပေးရန်နှင့် မပေးနိုင်ပါက အလုပ်သမားများအား လျော်ကြေးပေးပြီး စက်ရုံပိတ် ရန် ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလုပ်ရှင်ဘက်မှ လိုက်လျောမှု တစုံတရာမရှိဘဲ ဆန္ဒပြအလုပ်သမားများ အားလုံး အလုပ်ထုတ်ခံရ နိုင်သည်ဟု ဆန္ဒပြ အလုပ်သမားက ပြောသည်။

ထို့အပြင် နေမင်းအောင်စက်ရုံအနီးရှိ တရုတ်လူမျိုးပိုင် တိုးမြတ်အောင် အထည်ချုပ် စက်ရုံတွင်လည်း အခြေခံလစာ သုံးသောင်း ပေးရေး အတွက် အလုပ် သမ ၅၀၀ ခန့်က ငြိမ်းချမ်းစွာ တောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိသည်။

လှိုင်သာယာစက်မှုဇုံအတွင်း အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားနေလျှက်ရှိပြီးHi-Mo High-Art ဆံပင်တု စက်ရုံတွင်လည်း ပြေ လည်မှုမရသေးဘဲ စက်ရုံအဆောင်နေ အလုပ်သမားများကို ထမင်းချက်ကျွေးရာတွင် ဝမ်းနှုတ်ဆေးထည့်ထားသည့်အတွက် အလုပ်သမား ၄၀ ခန့် ဝမ်းလျောမှုများ ဖြစ်ပွားနေလျှက်ရှိသည်။

No comments: