Monday, May 14, 2012

ဗန်းမော်မြို့နယ်တွင် အရပ်သား ၃ ဦး မိုင်းနှင့် သေနတ် ထိမှန် သေဆုံး ခဲ့ရ

သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ်အတွင်း KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေရာ ယခုလဆန်းပိုင်းအတွင်း ဗန်းမော်မြို့ နယ်၌ မိုင်းနှင့် သေနတ်ထိမှန် သေဆုံးသူ အရပ်သား ၃ ဦးနှင့် ဒဏ်ရာရသူ ၁ ဦး ရှိကြောင်း ဗန်းမော် ဆေးရုံ သတင်း ရပ်ကွက် အဆို အရ သိရ သည်။

မေလ ၄ ရက်နေ့က ဗန်းမော် - လွယ်ဂျယ်ကားလမ်း ၂၈ မိုင်နေရာ၌ ဟိုင်းလက်ကားတစ်စီး ဗုံးနင်းမိ၍ အသက် ၂၉ နှစ် အရွယ် ကားစ ပါယ်ယာ ကိုချစ်သန်း သေဆုံး သွားပြီး ယာဉ်မောင်း ခိုင်ဇော်မင်း ပြင်း ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံ နှင့်နီးစပ်သည့် မြို့ခံတစ် ဦး က သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ဗ ၄၁၄၃ ဟိုင်းလက်ကား ဗန်းမော်ကနေ လွယ်ဂျယ်ဘက်ကို အတက် ဗုံးနင်းမိတာ ကားခေါင်းပိုင်း ပျက်စီး သွားတယ်၊ ကားစပါယ်ရာ ကို ချစ်သန်းက ဗန်းမော် ညောင်ပင် ရပ်ကွက် ကပေါ့၊ ခေါင်းမှာ မိုင်းစ မှန်ပြီး ၄၅ မိနစ် လောက်မှာဆေးရုံမှာပဲဆုံးသွားတယ်၊ ယာဉ်မောင်း က လက်မောင်းမှာ ဒဏ်ရာ ရတယ်၊ ဆေးရုံ တက်နေ တုန်း ပေါ့ ” ဟု သူက ပြောသည်။

မည်သည့်အဖွဲ့ ထောင်သည့်ဗုံး ဖြစ်သည်ကို အတိအကျမသိရသော်လည်း ၄င်း ဗုံးကွဲမှု ဖြစ်စဉ် မတိုင်မီ မေလ ၂ ရက်နေ့က တစ်ရက်အ တွင်း အစိုးရစစ်တပ်မှ မှားယွင်းပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အ ရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တစ်ခုမှာ ဗန်းမော်မြို့ အမြောက်တပ်အခြေစိုက်ရာ ရွှေပြည်သာကျေးရွာအနီးဖြစ်ပြီး အစိုးရတပ်မှ ညအချိန် မှားယွင်းပစ်ခတ်ခဲ့ရာ ရွှေပြည်သာ ရွာသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သိရ သည်။

အလားတူ တာမိုင်းလုံရွာ လယ်ကွင်းအနီး နွားရှာနေသည့် နမ့်ဖားရွာသား အသက် ၄၀ အရွယ် ကိုမြင့်လှိုင် ဆိုသူ အား အစိုးရတပ်မှ မှား ယွင်း ပစ်ခတ်ခဲ့ရာ ထပ်မံသေဆုံးခဲ့ကြောင်း သိရသည် ။

KIA နှင့် အစိုးရတပ် တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုများရှိနေသည့်တိုင် နှစ်ဘက်တိုက်ပွဲများမှာ ယမန်နေ့ကအထိ ဖြစ်ပွား နေဆဲ ဖြစ်ကြောင်း သိရသည်။

No comments: