Thursday, May 17, 2012

တုံမလီ ရွှေမှော် မီးလောင် မှုကြောင့် ကျပ် သိန်းပေါင်း သောင်းချီ ဆုံးရှုံး

KNG

မေ ၁၄၊ တနင်္လာနေ့က ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ တုံမလီရွှေမှော်ကြီးတွင် မီးလောင်မှုကြီး တခုဖြစ်ပွားပြီး လူနေအိမ်နှင့် ဈေးဆိုင်ပေါင်း ၃၀၀ ခန့် လုံးဝ မီးလောင် ကျွမ်း ပျက်စီး ခဲ့သည်။

၎င်း၏ ရှုံးဆုံးမှုတန်ဖိုးသည် မြန်မာ ကျပ်ငွေ သိန်းပေါင်းသောင်းချီဖြစ်သည်ဟု ရွှေမှော်သတင်းကဆိုသည်။

ဈေးဆိုင်တဆိုင်မှ ညနေ ၃ နာရီက စလောင်သော မီးသည် နောက်နေ့ နံနက် ၃ နာရီထိ လောင်ကျွမ်းခဲ့သည်။ ရွှေမှော်ကြီးတွင် မီးသတ် ကား မရှိခြင်းကြောင့် မီး မငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာတွင် လူသေဆုံးမှုလည်းရှိသည်ဟု ဆိုသည်။

မီးကြောင့် ဒုက္ခရောက်နေသူများကို နီးစပ်ရာ ကချင်ခရစ်ယာန်အသင်းတော်များက အစားအသောက်နှင့် ယာယီ နေရာထိုင်ခင်းများ အကူ ညီများပေးနေသည်ဟု တနိုင်းမြို့မှ ကချင်ဓမ္မဆရာတဦးပြောသည်။

၁၉၉၄ မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အပစ်ခတ်ရပ်ဆိုင်းလိုက်ပြီးနောက် တုံမလီမှော်တွင်လည်း ကုမ္ပဏီ စနစ်ဖြင့် ရွှေတူးဖေါ်မှုများ တဟုန်ထိုးကြီးထွားလာသည်။ တချိန် ထဲ မှာ မြန်မာပြည်တ၀န်းမှ လူထောင်ပေါင်းများစွာလည်း ရွှေမှော် တွင် ကုမ္ပဏီ အလုပ်သမားများအဖြစ် လာလုပ်ကြသည်။

No comments: