Sunday, May 20, 2012

စစ်တွေ- ရန်ကုန်သွား ဘတ်စ်ကားများ သတ်မှတ် ခရီးသည် များထက် ပိုတင် မူကြောင့် အန္တရာယ် ကြုံတွေ့ရနိုင်

နိရဉ္စရာ

ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။

စစ်တွေမှ ရန်ကုန်သို့သွားသည့် ဘတ်စ်ကားများသည် စည်းကမ်းမလိုက်နာဘဲ သတ်မှတ် ခရီးသည် အရေအတွက်ထက် ကျော်လွန်ပြီး လူပိုတင်နေမူကြောင့် အန္တရာယ် ကျရောက်ရန် အခြေအနေနှင့် အချိန် မရွေး ကြုံတွေ့ ရနိုင်ကြောင်း ခရီးသည်များက နိရဉ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။

ဘတ်စ်ကား တစ်စီးမှာ ထိုင်ခုံက ၄၀ ဘဲ ပါတယ်။ တင်တာက ခရီးသည် ၇၀ ကျော်ထိ တင်တယ်။ ခရီးဝေးသွားတဲ့ ဘတ်စ်ကားတွေ အနေ နဲ့ ခုလို လူတွေ မတန်တဆ တင်တဲ့ အတွက် လိုက်ပါရတဲ့ ခရီး သည်တွေ အတွက် အထူး ဒုက္ခ ဖြစ်သလို ကားလည်း အန္တ ရာယ် ကျ ရောက် နိုင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာက အမြန်ဆုံး တားဆီးပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်" ဟု ခရီးသည် တစ်ဦးက ပြောသည်။

စစ်တွေ-ရန်ကုန် အမြဲမပြတ် ခရီးသွားနေသူ ကိုမင်းကျော်ကလည်း နိရဉ္စရာသို့ ယခုလို ပြောသည်။

" ကျွန်တော်က စစ်တွေကနေ ကြံတိုင်အောင်ကားနဲ့ (ကားနံပါတ်- ၆က/၇၁၀၆) မေလ ၁၆ရက်နေ့ မနက် ၆နာ ရီက ရန်ကုန်ကို စထွက် ပါ တယ်။ ကားမှာ ထိုင်ခုံက ၄၀ ဘဲရှိ တယ်။ မြောက်ဦးကို ရောက်တာနဲ့ လူ အဆက် မပြတ်တင်ပါတယ်။ အဲဒီတော့ လူ ၇၀ ကျော်ဖြစ် သွား တယ်။ ရခိုင်ဘက် ကားလမ်းဆိုး တာက လူတိုင်း အသိ ပါဘဲ။ ပြီးရင် ကားမှာ အဲယားကွင့် လဲမရှိ၊ လူက လည်းပြည့် ကျပ်နေတော့ အမျိုး သမီး ရော၊ အမျိုးသားတွေပါ မူးဝေ အော့အံကြနဲ့ တလမ်းလုံး လူတွေ ဒုက္ခရောက်ခဲ့ကြရပါတယ်။ နောက်တခါ ကားလမ်း တလျှောက် လုံး ဖုန်မှုန့်တွေကလည်း လှိမ့်ဝင်နေ တော့ လူတွေက မွန်းကျပ်ပြီး ကြီးအ ကျယ်ကို ဒုက္ခဖြစ်ခဲ့ ကြရပါတယ်" ဟုပြောသည်။

ရခိုင်တွင် အလုပ်အကိုင် ရှားပါးမူနှင့် စီးပွားရေး ကျပ်တည်းမူကြောင့် အိုးအိမ်များကို စွန့်ခွာပြီး လူပေါင်း မြောက်များစွာမှာ ထိုင်း၊ တရုတ် နယ်စပ် နှင့် မလေးရှားသို့ ထွက်ခွာနေကြရာ ကားလက်မှတ် မရ သဖြင့် ရသည့် ကားဖြင့် ဖြစ်သလို လိုက်ပါကာ ခရီးသွား နေကြ သည်ဟု သူက ဆိုသည်။

စစ်တွေ-ရန်ကုန် ကားလမ်းတွင်လည်း ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် ကားလမ်းများမှာ အထူး ဆိုးရွားနေပြီး မတ်စောက် ကွေးကောက် သော တောင်ပေါ် ရိုးလမ်း အတိုင်း မောင်နှင် နေရရာ ယခုလို ခရီး သည်များ မတန်တဆ တင်ဆောင်ပြီး သွားလာနေ ခြင်းကြောင်း တစ် နေ့ မဟုတ် တစ်နေ့ ဒုက္ခ ကြုံတွေ့ ရနိုင် သည်ဟု ခရီးသည် များက ပြောဆို သည်။

" ရခိုင်ဘက်က လမ်းတွေက အရမ်းဆိုးတယ်။ ခရီးသည် ၄၀ဆန့်တဲ့ နေရာမှာ ၇၀ကျော်တင်တယ်။ အဲဒီလို အခြေအနေမျိုးမှာ တစ်ခါ အ ညင်း သီးထုပ်၊ ပုစွန် ခြောက်ထုပ်၊ ငါး ခြောက်ထုပ် တွေကိုပါ တင် တယ်။ အဲဒီတော့ လူတွေက အဲဒီ အထုတ်တွေပေါ် တက်ထိုင်သူ က ထိုင်၊ ရပ်သူက ရပ်နဲ့ လိုက်ပါ ကြတယ်။ တဘက်မှာလဲ မိုးရာသီ ရောက်လာတော့ မိုးရွာထားတာတွေ ရှိတဲ့ အတွက် လမ်းမှာ မတော်တ ဆ ကားတစ်ခုခု ဖြစ်မှာကို အမြဲစိုးရိမ်နေရပါတယ်။ ကား ဒါရိုင်ဘာကို ပြောတော့ ပြန်ဆဲဆို ခံရတယ်။ ပြောလို့မရဘူး။ သူတို့က ပိုက်ဆံ တခု ကိုဘဲကြည့်တယ်။ အသက်အန္တရာယ်ကို မကြည့်ဘူး" ဟု တခြား အမျိုးသမီးကြီး တဦးက လည်းပြောသည်။

စစ်တွေ-ရန်ကုန် အကြား ပြေးဆွဲ နေသော ဘတ်စ်ကား များမှာ အမျိုးအမည်အားဖြင့် (၁) ဒါဇင် နီးပါးခန့်ရှိပြီး ထိုအထဲတွင် ရွှေပြည်ရခိုင်၊ ရွှေပြည်သစ်၊ ကြံတိုင်းအောင်၊ တိုးရတနာ၊ ဝေသာလီ တို့ပါဝင် သည်။

No comments: