Monday, May 21, 2012

ရွာထဲ မိုင်းပစ်ခတ်ပေါက်ကွဲမှုတွင် အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရ

KNG

တိုက်ပွဲဖြစ်နေသော ကချင်ပြည်နယ် တောင်ဘက် မန်ဂျေ (မံစီ)မြို့နယ်တွင် မေ ၈ ရက်၊ ည ၁၀ နာရီ မိနစ် ၂၀ ချိန်တွင် ရွာထဲသို့ လက် နက်ကြီးများနှင့် ဗုံးများပစ်ခတ်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိကြောင်း ရွာသားများဆိုသည်။

ပေါက်ကွဲလာသည့် ဗုံးသည် အပြစ်မဲ့ပြည်သူများ အိမ်ခြံဝန်းသို့ ကျရောက်ပေါက်ကွဲလာပြီး အသက် ၁၂ နှစ် ယောက်ျားလေးအား ဗုံးစထိ ခိုက်မှန် သဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ သည်ဟု ဆွေမျိုးများ ပြော သည်။

ဗုံးစများသည် ဝမ်းဗိုက် ၅ နေရာတွင် ထိမှန်ပြီး ယခုအချိန်တွင် ဗန်းမော်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း ဒေသခံများ ပြောသည်။

ထိုသို့ ပေါက်ကွဲသည့် တပ်သည် မည်သည့် တပ်မှဖြစ်ကြောင်း မသိရပါ။ ရွာပတ်ဝန်းကျင်တွင် မြန်မာတပ်များနှင့် KIA တပ်များလည်း ရှိ ကြောင်းသိရသည်။

No comments: