Wednesday, May 16, 2012

ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်ပါတီများ​ကို ​နေပြည်​တော်တွင် ​ခေါ်ယူ​ဆွေး​နွေး​မည်

ရွှေအောင်

ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ ပါတီ​တွေက ပါတီ​ခေါင်း​ဆောင်​တွေကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က လာမယ့်​ ​မေလ ၂၂ ရက်​နေ့​ ​နေပြည်​တော်မှာ ​ဆွေး​နွေး​ဖို့​ ​ခေါ်ယူထား​ပါတယ်။

အစည်း​အ​ဝေး​ဖိတ်စာမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲဆိုင်ရာ ​ဆွေး​နွေး​ပွဲလို့​ ​ဖော်ပြထား​ပြီး​ ဘယ်လိုအ​ကြောင်း​အရာ​တွေ ​ဆွေး​နွေး​မယ်ဆိုတာ​တော့​ အ​သေး​စိတ် မသိရဘူး​လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီ​ပြော ခွင့်​ရ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

အန်အယ်လ်ဒီက ဦး​ဥာဏ်ဝင်း​နဲ့​ ဗဟိုအလုပ်အမှု​ဆောင်တဦး​ ​ဆွေး​နွေး​ပွဲ တက်ဖို့​ရှိတယ်လို့​ ဆိုပါတယ်။

ဒီ​ဆွေး​နွေး​ပွဲနဲ့​ပတ်သက်ပြီး​ ရန်ကုန်တိုင်း​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌ ဦး​ကိုကိုက ပြီး​ခဲ့​တဲ့​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်ပြီး​ ပြန်လည် သုံး​သပ်ကြ မယ်၊​ ပါတီ​တွေထံက အကြံဥာဏ်​ကောင်း​တွေ ရယူလိမ့်​မယ်၊​ ​ရွေး​ကောက်ပွဲ​ကော်မရှင်အ​နေနဲ့​ ပါတီ​တွေကို ​ပြောသင့်​ပြောထိုက်တာ​တွေ ​ပြောလိမ့်​မယ်လို့​ ခန့်​မှန်း​ သုံး​သပ် ​ပြောကြား​ပါတယ်။

မေ ၂၂ ​ဆွေး​နွေး​ပွဲကို ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင် ပါတီ ၁၇ ခုက ဥက္ကဋ္ဌ သို့​ အတွင်း​ရေး​မှူး​ သို့​ တဦး​ဦး​၊​ မတက်နိုင်ရင် အလုပ်အမှု​ဆောင် တဦး​ တက်​ရောက်ဖို့​ ​ကော်မရှင်က ဖိတ်ကြား​ထား​ပါတယ်။

No comments: