Wednesday, May 16, 2012

ရှမ်းမြောက် နမ့်ဆန်တိုက်ပွဲတွင် မြန်မာစစ်သား ၄ ဦး ကျ

KNG

မြန်မာ အစိုးရ စစ်ကြောင်းနှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ ခရိုင် နမ့်ဆန်မြို့ အနီး ၁ နာရီ ကျော်ဖြစ် ပွားသည့် တိုက်ပွဲတွင် အစိုးရ စစ်သား ၄ ဦး ကျဆုံး ကြောင်း KIA က ဆိုသည်။

တိုက်ပွဲသည် မန်တုံမြို့နယ် အခြေစိုက် KIA တပ်ရင်း ၃၄ တပ်ဖွဲ့များနှင့် မြန်မာစစ်တပ် ကျောက်မဲ စကခ-၁ အောက် ခမရ ၅၀၂ စစ် ကြောင်း ကြား ဟိုနမ် တွင် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ ဖြစ်ပွားခြင်း ဖြစ် သည်။

ယင်းတိုက်ပွဲတွင် သေဆုံးသည့် မြန်မာစစ်သား ၁၀ ဦးကျော်သည်ဟု ဒေသခံများဆိုသည်။

ရခိုင်ပြည်နယ်မှ တရုတ်ပြည်သို့ တင်ပို့မည့် ရွှေရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တစိပ်တပိုင်းသည် KIA တပ်ရင်း ၈ နှင့် ၃၄ တပ်ဖွဲ့များ အခြေစိုက်သည့် မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ် များ တွင် ဖြတ် သန်းသွားမည် ဖြစ်သည်။

ယခုချိန် ယင်း ၂ မြို့နယ်တွင် မြန်မာစစ်အင်အားသစ်များ တိုးချဲ့ချထားနေကြောင်း ဒေသခံများဆိုသည်။

No comments: