Tuesday, May 22, 2012

စီးပွါးရေး ပြန်လည် ဦးမော့ရေး အတွက် ခရီးသွား ဧည့်သည် များ ကျိုင်းတုံ၌ တည တည်းဖို့ နယ်စပ် ဝန်ကြီးပြော

သျှမ်းသံတော်ဆင့်

သံလွင်အရှေ့ခြမ်း မြို့တော် ကျိုင်းတုံ၏ စီးပွါးရေးပြန်လည်ဦးမော့လာစေရန် ယခုလကုန်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ် ပါက ခရီး သွား များအား ကျိုင်းတုံ၌ ညအိပ်နားခိုရန် နယ်စပ်ဝန်ကြီးက အမိန့်ထုတ် ထားကြောင်း သျှမ်းပြည် တပ်မ တော်နှင့် မြန်မာ အစိုးရ ကိုယ်စား လှယ် တို့ ကျိုင်းတုံ မြို့ ၌ တွေ့ဆုံစဉ် နယ်စပ် ဝန်ကြီး ဌာနမှ အရာရှိ တဦးက ပြော၏။

“တရုတ်ဖက်ကဧည့်သည်တွေ မိုင်းလားကိုဝင်ရောက်လည်ပတ်နိုင်ဖို့ ဒီလကုန် နယ်စပ်ဂိတ်ပြန်ဖွင့်ပါမယ်။ မိုင်းလား အာဏာ ပိုင်တွေ ရဲ့ တောင်းဆိုချက်အရလဲပါသလို ကျိုင်းတုံမြို့ရဲ့ စီးပွါး ရေးကို ပြန်လည် ဦးမော့ပေးဖို့ အတွက်ဖြစ်ပါတယ်” – ဟု တွေ့ ဆုံ ဆွေးနွေးပွဲ တက်ရောက်သည့် နယ်စပ် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နတလ အရာရှိ ဦးအောင်ကျော်မြင့် ကပြောသည်။

အဆိုပါ နယ်စပ်ဂိတ်ဖွင့်လှစ်ရန် နတလ ဝန်ထမ်းများ ၂၀၁၁ နှစ်ကုန်ကတည်းက မိုင်းလားသို့ရောက်ရှိနေပြီဖြစ်ပြီး ဝန်ထမ်း များမပြည့် စုံ သေးသဖြင့် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဦးအောင် ကျော်မြင့်က ဆက်၍ပြောပါသည်။

တရုတ်ပြည်ဖက်ခြမ်းတာလော့နှင့် မိုင်းလားမြို့ကြား လူဝင်လူထွက်များအား တာဝန်ယူပေးရန် အကောက်ခွန်ဝန်ထမ်းများ နှင့် လ၀က ဝန် ထမ်းများအား ရွေးချယ်စီစစ်နေဆဲဖြစ်ကြောင်းပြောသည်ဟု ဆို၏။

“ အရင်တုန်းက လမ်းမကောင်းခင်တုန်းက တရုတ်ကလာတဲ့ကုန်တွေရော ထိုင်းကလာတဲ့ ကုန်တွေရော ကျိုင်းတုံမှာ ညအိပ် တည်းခိုရ တော့ ကျိုင်းတုံမြို့ဟာ စည်ကားတယ်။ စီးပွါးရေးတိုးတက်တဲ့မြို့တမြို့ဖြစ် တယ်။ အခုတော့ တာချီလိတ်ကလာတဲ့ လမ်းကလဲကောင်း၊ မိုင်းလားကလာတဲ့လမ်းကလဲကောင်းတော့ လူတွေက ကျိုင်းတုံမှာမနားတော့ဘဲ ဖြတ်သွားဖြတ်လာ ဆိုတော့ ခြောက်ကပ်သွားတယ်။ စီးပွါးရေး ကျ ဆင်း လာတယ်။ ဒါကြောင့် အခုပြန်ဖွင့်ရင် ကျိုင်းတုံမှာညအိပ်ဖို့တောင်း ဆိုထားရတာဖြစ်တယ်” ဟု ဦးအောင်ကျော်မြင့်က ဆက်လက်ပြောပြသည်။

ကျိုင်းတုံမြို့သည် သျှမ်းပြည်အရှေ့ပိုင်း နှစ်ပေါင်း ၇၀၀ ကျော်သည့် ရှေးမြို့တော်ဟောင်းဖြစ်သည့်အပြင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံ ဖြတ် သန်းသည့် အာရှကုန်သွယ်ရေးလမ်းမကြီးပေါ်တွင်တည်ရှိသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီစဉ်ကြောင့် မိုင်းလားတပ်ဖွဲ့ နှင့် ထိုစဉ် မြန်မာစစ်အစိုးရအကြား ဆက်ဆံရေးတင်း မာခဲ့ကာ နှစ် ဘက်အင်အားပြိုင်ဆိုင်ဖြည့်တင်းရာမှာ ၂၀၁၀ နိုဝင်ဘာမှစ၍ ကျိုင်း တုံ - မိုင်းလား တရုတ်နယ်စပ် တာလော့မြို့ ဆစ်ဆောင် ပန်းနား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရေဒေသသို့ပေါက်သည့် အဆိုပါလမ်းအား မြန်မာအာဏာပိုင်တို့က ပိတ်ထားရာမှ ယနေ့တိုင် လွတ်လပ်စွာ သွား လာ ဖြတ် သန်းနိုင်ခြင်းမရှိသေးပေ။

No comments: