Thursday, May 17, 2012

မြောက်ကိုးရီးယားမှ စစ်လက်နက်များ ထပ်မံမဝယ်ယူတော့ဟု သမ္မတပြော

မျိုးသန့် | ကြာသပတေးနေ့၊ မေလ ၁၇ ရက် ၂၀၁၂

လွန်ခဲ့သည့် အနှစ် ၂ဝ အတွင်း မြောက် ကိုရီးယား ထံမှ သာမန် စစ်လက်နက် ပစ္စည်းများ ကိုသာ ဝယ်ယူ ခဲ့ပြီး ဆက်လက် ဝယ်ယူ တော့ မည် မဟုတ်ဟု မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက် ခဲ့ သော တောင် ကိုရီးယား သမ္မတ မစ္စတာ အီမြောင် ဘတ်ကို မြန်မာ သ မ္မတ ဦးသိန်းစိန်က ကတိပေး ပြောကြား သည်ဟု ဝါရှင် တန်ပို့စ် သတင်း စာ၏ အွန်လိုင်း စာမျက် နှာတွင် ရေးသား ထားသည်။

မြန်မာသမ္မတက တောင်ကိုရီးယားသမ္မတကို ပြောကြားရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်းများ ပူး ပေါင်း လုပ်ဆောင်မှု မည်သည့်အခါကမျှ မရှိခဲ့ဟု ငြင်းဆို သွားသည် ဟုလည်း ဝါရှင် တန်ပို့စ်က ရေးသား သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နှင့် ၁၈၇၄ တို့တွင် မြောက်ကိုရီးယားနိုင်ငံမှ ထုတ်လုပ် သည့် စစ်လက်နက် ပစ္စည်းများကို အခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူခွင့် မပြုရန် ဆုံးဖြတ် ထားပြီး ထိုတားမြစ်ချက်ကို လိုက်နာသည့်အနေဖြင့် မြောက်ကိုရီး ယားမှ လက်နက်များ ဝယ်ယူမည်မဟုတ်ဟု ပြောဆိုသည်ဟုလည်း ဝါရှင်တန်ပို့စ်က ရေးသားသည်။

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာလာရောက်ခဲ့သည့် တောင်ကိုရီးယားသမ္မတသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့အပြီး သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ချိုးဖေါက်သည်ဟု ယူဆရ သည့် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံမှုမပြုလုပ်ရန် မြန်မာသမ္မတ နှင့် ဆွေးနွေး ခဲ့သည် ဟုလည်း သတင်းစာ ရှင်းလင်း ပွဲတွင် ထည့် သွင်း ပြောသွား သည်ဟု သိရ သည်။

မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေးတွင် ယခင်စစ်အစိုးရ တတိယခေါင်းဆောင် ဖြစ်ခဲ့သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နျူကလီးယား စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်ရန် မြောက် ကိုရီး ယားသို့ သွားရောက်ခဲ့သည်ဟု စွပ်စွဲချက်များ လွန်ခဲ့သည့် နှစ်များ အ တွင်း ထွက်ပေါ် လာခဲ့ရာ ထိုစွပ်စွဲ ချက်များကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း သတင်းစာ ရှင်းလင်းပွဲတခုတွင် ငြင်းဆို သွားခဲ့ သေး သည်။

“တချို့စွပ်စွဲတာကတော့ နျူကလီးယားကိစ္စ အပါအဝင်မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ပြောတယ်။ မဟုတ်ပါဘူး။ နျူကလီးယား ကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ်ထိုး လို့လည်း ရနိုင်တဲ့ အနေအထားမဟုတ်ပါဘူး” ဟု သူရ ဦး ရွှေမန်းက ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှချမှတ်ထားသည့် မြောက် ကိုရီး ယားမှ လက်နက်မဝယ်ရေး ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေဖြင့် အ ကောင်အထည်ဖေါ်နိုင်ရန် မျှော်လင့်ကြောင်း သူ၏ ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။

တောင်ကိုရီးယားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ်လာရောက်သည့် ခရီးစဉ် ဖြစ်သည်။ ၁၉၈၃ ခုနှစ် တောင်ကိုရီးသားသမ္မတ ချန်ဒူးဝမ် မြန်မာနိုင်ငံသို့လာရောက် ခဲ့စဉ်က အာဇာနည်ခေါင်းဆောင်ကြီး များ၏ ဂူဗိမာန်သို့ သွားရောက် ဂါရဝ ပြုရာတွင် မြောက် ကိုရီးယား သူလျှို များ၏ ဗုံးခွဲ တိုက်ခိုက်ခြင်း ခံခဲ့ ရသည်။ တိုက်ခိုက်မှု အတွင်း ခရီးစဉ် နောက်ကျ ပြီးမှ ရောက် လာသူ တောင် ကိုရီးယား သမ္မတ ထိခိုက်ခြင်း မရှိ သော်လည်း တောင် ကိုရီုးယား အစိုးရ အဖွဲ့ ဝင်များ အပါ အဝင် မြန်မာ အရာရှိ ၂၁ ဦး သေဆုံး ခဲ့သည်။

မစ္စတာ အီမြောင်ဘတ်သည် အာဇာနည်ဗိမာသို့ အင်္ဂါနေ့တွင် သွားရောက်၍ ၁၉၃၈ ခုနှစ် တိုက်ခိုက်မှုအတွင်း ကျဆုံး သွားကြသည့် ကိုရီး ယားသမ္မတဝန်ကြီးများကို ရည်စူး၍ လွမ်းသူ့ပန်းခွေချ ဂါရဝ ပြုခဲ့ သည်ဟု နိုင်ငံပိုင် ကြေးမုံသတင်းစာ တွင် ဖေါ်ပြပါရှိသည်။ မြန်မာ နိုင်ငံ သို့ နှစ်ရက်တာလာရောက်ခဲ့သည့် မစ္စတာ အီမြောင်ဘတ်သည် အင်္ဂါနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာသွား ပြီဖြစ် သည်။

No comments: