Saturday, May 19, 2012

စစ်ပဋိပက္ခဖြစ်ပွားရာဒေသရှိ အမျိုးသမီးများ အဓမ္မပြုကျင့်ခံနေရ

လွပ်လပ်သောမွန်အေဂျင်စီ

အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား ဖြစ် ပွားနေသည့် စစ်ပဋိပက္ခ များ ကြောင့် အစိုးရတပ်တို့ ထိုးစစ် ဆင်ရာ ဒေ သ ရှိ ကချင် အမျိုးသမီးများ အဓမ္မပြုကျင့်ခံနေရကြောင်း ကချင် အမျိုး သမီး အဖွဲ့ (မြန်မာ နိုင်ငံ) KWAT က ပြောသည်။

မေလ ၁ ရက်နေ့တွင် တရုတ်နယ်စပ်၊ ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါ ဒေသရှိ လုပီရွာခံ အသက် ၄၈ နှစ်ရှိ ဒေါ်ငွားမိ (အမည် အရင်း မဟုတ်) သူက ဘုရားကျောင်းအတွင်း အစိုးရစစ်တပ် ခမရ ၃၄၇ နှင့် ခလရ ၁၁၈ တို့က ၃ ရက်ကြာ ဖမ်းဆီး ချုပ်နှောင်ထားက ညှင်းပန်းနှိပ်စက်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ဟု KWAT က ယနေ့တွင် ကြေငြာချက် ထုတ်ပြန် ထား သည်။

“အစိုးရတပ်တွေ လုပီရွာထဲ ဝင်လာပြီးတော့ သေနတ်တွေပစ်တယ် ရွာ သားတွေကလဲ ကြောက်ပြီး တောထဲ ထွက်ပြေး ကြတာ ရှိသလို တချို့ မထွက် ပြေးတဲ့ လူတွေ လည်းရှိ တယ် အခု ဒေါ်ငွားမိက ဘုရား ကျောင်းမှာ ပုန်းနေတာ အဲဒီမှာ ဗမာတပ်တွေက ဝင်လာပြီးတော့ အမျိုးမျိုးနှိပ်စက်ပြီးတော့ အဓမ္မပြုတာ” ဟု KWAT တာဝန်ခံ မွန်းနေ လီက ပြောသည်။

ထိုအဖြစ်အပျက်များကို ဘုရားကျောင်းအပြင်ဘက်တွင် ချည်နှောင်ခံထားရသည့် အသက် ၅၉ နှစ်အရွယ် ဦးယူသာဂွေး Yu Ta Gwi က မြင်တွေ့ခဲ့ရသည်ကို ပြန်လည် ပြောပြခဲ့ခြင်းဖြစ်သည်။

မေလ ၄ ရက်နေ့တွင် အစိုးရစစ်တပ်များ ၄င်းရွာမှ ပြန်လည်ထွက်ခွားသွားပြီးနောက် ယင်းတို့ နှစ်ဦးကို သေခံများ ပြန်လည်တွေ့ရှိကာ ပန်ဝါဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးခဲ့သည်။
 ထိုးစစ်ဆင်မှု များ တောက်လျှောက်ဖြစ်ပွားနေသည့် ကချင်ဒေသအတွင်းတွင် အမျိုး သမီးများနှင့် ကလေးငယ်များ အဓိက ဓားစာခံနေပြီး အစိုးရတပ်တို့၏ ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အမျိုးမျိုးခံနေရကြောင်းလည်း မွန်းနေ လီက ပြောသည်။

၎င်းက “အခုဆိုလို့ရှိရင် အမျိုးသမီးတွေ အဓမ္မပြုခံရတာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်၊ စစ်တပ်တွေ ထိုးစစ်ဆင်တဲ့နေရာတိုင်းမှာ စစ်ကြောင်းတွေ ဝင်တဲ့ရွာတိုင်းမှာ အမျိုးသားတွေဆို ရိုက်တယ်၊ နှိပ်စက်တယ်၊ ဖမ်းဆီးတယ် အသတ်ခံရတဲ့အဆင့်ပေါ့နော်၊ ထွက်ပြေးတဲ့ ခလေးတွေဆို သေနတ်တွေနဲ့ လိုက်ပစ်တယ် သေတဲ့အထိပေါ့၊ အမျိုးသမီးတွေဆိုလည်း သူတို့ (စစ်တပ်) လက်ထဲရောက်ရင် လွတ်လမ်း မရှိဘူး အမျိုးမျိုးနှိပ်စက်တယ်”

KWAT ၏ ထုတ်ပြန်ချက်တွင် အစိုးရစစ်တပ်များအနေဖြင့် ကချင်ဒေသရှိ အမျိုးသမီးများအား မုဒိန်းကျင့်မှုကို စစ်လက်နက်သဖွယ် အသုံး ပြုနေခြင်းအပေါ် ချက်ချင်းရပ်တန့်ပေးရန်နှင့် ထိုးစစ်ဆင် နေမှုများ ကို အမြန်ရပ်တန့်ပေးရန်လည်း တောင်းဆိုထားသည်။

No comments: