Sunday, May 13, 2012

ဝန်ထမ်း လာဘ်စားမူကို ကြံ့ခိုင်ရေးကို တင်ပြ၍ မရ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ၀န်ထမ်း တချို့ လာဘ်ပေး လာ ဘ်ယူမူ ပြုလုပ်နေသည့် အပေါ် ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး တာဝန်ခံ အား တင်ပြရာ ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူမူကိစ္စအား ကြံ့ခိုင်ရေး ကို တင်ပြ၍ မရကြောင်း ပြောဆို လိုက်သည် ဟု ဆိုသည်။

" ကျွန်တော်တို့က ဒီလ ၁၀ ရက်နေ့က ကျွန်တော်တို့ ဒေသ တောင်ပြို ကို ရောက်လာတဲ့ ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး တာဝန်ခံ ဦးမောင်ဦးနဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းတို့ကို ဒီဒေသ မှာ ၀န် ထမ်းတွေ လာဘ်ပေး လာဘ်ယူမူတွေ အကြီးအကျယ် လုပ်နေတဲ့ အ တွက် လူထုတွေကို အရမ်းထိခိုက်နေတဲ့ အကြောင်း တင်ပြပါတယ်။ ဦးမောင်ဦးက ၀န်ထမ်း တွေ လာဘ်စားတဲ့ အကြောင်း သူဆီကို တင်ပြ လို့မရ ဘူးလို့ ပြောပါတယ်" တောင်ပြို (ယာ)မှ ကျေးရွာသား တစ်ဦးက ပြော သည်။

ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး တာဝန်ခံ ဦးမောင်ဦးနှင့် မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ဇော်ဝင်းတို့သည် မောင်တောတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖွင့်လှစ်ပြီး နောက်ပိုင်း ဒေသခံများ မွတ်ဆလင်များကို စည်းရုံးရန် မေလ ၈ ရက်နေ့က စပြီး မောင် တော မြို့နယ်သို့ ရောက်ရှိ လာခဲ့ သည်။

မေလ (၁၀) ရက်နေ့က ဦးမောင်ဦးနှင့် အဖွဲ့သည် တောင်ပြို (ယာ) သို့ ရောက်ရှိလာပြီး ဒေသခံများနှင့် တွေ့ဆုံစဉ် ဒေသခံများအား သူတို့၏ အခက်အခဲများကို တင်ပြပါဟု ဦးမောင်ဦးမှ ပြောဆိုရာ ၀န် ထမ်းများ လာဘ်ပေး လာဘ်ယူမူ ပြုလုပ်နေမူကို တားဆီးပေးရန် ဒေ သ ခံများက တင်ပြခဲ့ ကြသည် ဟု ဆိုသည်။

" ကျွန်တော်တို့ တောင်ပြိုဒေသမှာ နစက သတင်းပေးနဲ့ ဘာသာပြန်တွေ ဖြစ်ကြတဲ့ ဦးရှားအာလမ်နဲ့ ဦးအာမန်အူလာတို့က ကျွန် တော် တို့ မွတ်ဆလင်တွေဆီက စုံတွဲ တစ်တွဲ လက်ထပ်ခွင့် တစ်စောင် အတွက် ကျပ် တစ်သိန်းခွဲစီ တောင်းယူနေပါတယ်။ တစ်ဘက်နိုင်ငံက မိုဘိုင်းဖုံး တစ်လုံးကိုင်မယ်ဆိုရင် ကျပ် တစ်သိန်း ယခင် ရယကဟောင်း ဦးဘရှင် (ခ) လာလပ်ယာကို ပေးရပါတယ်။ ဒါတွေက မတန် တဆ ဖြစ်နေတဲ့ အတွက် လူထုတွေက ဒုက္ခ ရောက်နေကြတော့ တင်ပြကြတာပါ။ ဒါကို ဦးမောင်ဦးက သူ့ဆီမှာ တင်ပြလို့ မရဘူးဆိုပြီး ပယ်ချသွားပါတယ်" ဟု ပြောသည်။

မောင်တောမြို့နယ် အတွင်း နေထိုင်ကြသော မွတ်ဆလင် အများစုမှာ မြန်မာ စကားကို မပြောတတ်ဘဲ ဘင်္ဂလီက စကားကိုသာ ပြောဆို ကြသဖြင့် ဦးရှားအာလမ်နဲ့ ဦးအာမန်အူလာတို့က ဘာသာပြန် သူများ အဖြစ် အဆိုပါ ဒေသတွင် ဆောင်ရွက်ကြသည်ဟု ပြောသည်။ သူ တို့နှစ်ဦး အနေဖြင့် လက်ထပ်ခွင့် မှ ရရှိလာသော ငွေများကို သက်ဆိုင်ရာ နစက နယ်မြေမှူးနှင့် ခွဲဝေပြီး အကျိုးခံနေကြသဖြင့် အထူး ချမ်းသာကြီးပွားနေကြသည်ဟု သူက ဆိုသည်။

" သူတို့က ကိုယ်စားလှယ် လုပ်ထားပါတယ်။ လက်ထပ်ခွင့် လိုချင်ရင် နစက နယ်မြေမှူးဆီကို သွားစရာ မလိုပါ။ ဦးရှား အာလမ်နဲ့ ဦးအာ မန်အူလာတို့ကို သွားပြောရင် သူတို့က လက်ထပ်ခွင့်ကို ထုတ်ပေး တယ်။ အမျိုးသား အမျိုးသမီးပေါင်း နှစ်ဦးပေါင်းကို တစ်သိန်း ခွဲပေးရ ပါတယ်။ ဘင်္ဂလာက လာတဲ့ မိုဘိုင်း လက်ကိုင်ဖုံးကို ကိုယ်စားလှယ် ယူထားတာက ဦးဘရှင်လို့ ခေါ်တဲ့ လာလပ်ယာ ဖြစ်ပါတယ်။ မို ဘိုင်းဖုံး ကိုင်ချင်ရင် သူ့ဆီမှာ ငွေ တစ်သိန်းပေးလိုက်ရင် လွတ်လွတ်လပ်လပ် ကိုင်လို့ရပါတယ်။ အဖမ်းအဆီး မရှိတော့ပါဘူး။ သူက ရလာတဲ့ ကျပ်တစ်သိန်း အထဲက ခုနှစ်သောင်းကို နယ်မြေ နစကမှူးကို ပေးရပါတယ်။ ဒီလို လုပ်နေကြတဲ့ အတွက် လူထုတွေ တော်တော့ ကို ဒုက္ခရောက်နေကြပါတယ်" ဟု သူက ဆက်ပြောသည်။

မေလ ၁၀ ရက်နေ့က တောင်ပြို (ယာ) ကျေးရွာသို့ ဦးမောင်ဦး ရောက်ရှိလာစဉ် မွတ်ဆလင်များကို လာဘ်ပေး လာဘ်ယူ ကိစ္စကို တင် ပြ ခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း တင်ပြသူများကို နောက်နောက် ၀န်ထမ်းများ လာဘ်စားသည့် ကိစ္စ မတင်ပြရန် ဦးမောင်ဦးက ပြောကြားခဲ့သည်ဟု ဒေသခံ ရခိုင်အမျိုးသား တစ်ဦးကလည်း ပြောကြားသည်။

ယခုကဲ့သို့ မောင်တောမြို့နယ်တွင် ၀န်ထမ်းများက ပြည်သူများကို အနိုင်ကျင့်ပြီး မတရားသဖြင့် လာဘ်ပေး လာဘ်ယူမူ ပြုလုပ်နေခြင်း အ ပေါ် ရခိုင်ပြည်နယ် ကြံ့ခိုရေး တာဝန်ခံသို့ တိုင်ကြားသော်လည်း အရေးယူမည်ကိုထား တိုင်ကြားမူကိုပင် လက်မခံ သဖြင့် ဒေသခံ ပြည် သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သိရသည်။

No comments: