Thursday, May 17, 2012

အ​မေရိကန်က အကြီး​ဆုံး​ကုန်သည်အသင်း​ မြန်မာနိုင်ငံ ​ရောက်ရှိ

နေသွင်

အ​မေရိကန်ပြည်​ထောင်စု အကြီး​ဆုံး​ကုန်သည်အသင်း​ကြီး​ဖြစ်တဲ့​ (US Chamber of Commerce) အဖွဲ့​က အာရှပဖိစိတ်​ရေး​ရာ ဒုတိယဥက္ကဋ္ဌ Tami Overby ဦး​ဆောင်တဲ့​အဖွဲ့​ဟာ မြန်မာနိုင်ငံကို ပထမဆုံး​ခရီး​အဖြစ် ​ရောက်​နေပါတယ်။

ဒီခရီး​စဉ်နဲ့​ပတ်သက်လို့​ အသင်း​ရဲ့​ တရား​ဝင်သတင်း​ထုတ်ပြန်ချက်မှာ​တော့​ မြန်မာနိုင်ငံမှာ အ​ပြောင်း​အလဲ​တွေ ဖြစ်​ပေါ်​နေတဲ့​အ​လျောက် အ​မေရိကန် အစိုး​ရရဲ့​ ​ပေါ်လစီမှာလည်း​ အဆင့်​ဆင့်​ပြောင်း​လဲမှု​တွေ ဖြစ်​ပေါ်​နေတဲ့​အ ချိန်မှာ အ​မေရိကန် ကုန်သည်အသင်း​အ​နေနဲ့​လည်း​ မြန်မာ နိုင်ငံ မှာ စီး​ပွား​ရေး​ ဆိုင်ရာ အချက် အလက်​တွေ စု​ဆောင်း​ဖို့​ ​ရောက်လာ တာလို့​ ​ဖော်ပြ ထား​ပါ တယ်။

ဒီအသင်း​ဟာ မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ ပိတ်ဆို့​ထား​တာ​တွေကို ရုပ် သိမ်း​ပေး​ဖို့​ သမ္မတ အိုဘား​မား​ ထံကို ဧပြီလ အတွင်း​ စာပို့​ တောင်း​ဆို ခဲ့​ဖူး​ ပါတယ်။

အ​မေရိကန်ကုန်သည်အသင်း​ရဲ့​ ၁၆ ရက်က​နေ ၁၉ ရက်အထိ ၄ ရက်ကြာမယ့်​ ဒီခရီး​စဉ်အတွင်း​မှာ အစိုး​ရအရာရှိ​တွေ၊​ မြန်မာ နိုင်ငံ ကုန် သည် များ​နှင့်​ စက်မှု လက်မှု လုပ်ငန်း ​ရှင်များ​ အသင်း​ ချုပ်တို့​ နဲ့​လည်း​ ​တွေ့​ဆုံဖို့​ စီစဉ် ထား​တယ် လို့​ သိရ ပါတယ်။

အ​မေရိကန်ကုန်သည်အသင်း​နဲ့​ မနက်ဖြန်​တွေ့​ဖို့​ရှိတဲ့​ မြန်မာ နိုင်ငံ ကုန်သည် များ​နှင့်​ စက်မှု လက်မှု လုပ်ငန်း​ရှင်များ​ အသင်း​ ချုပ်ရဲ့​ တွဲဖက် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​အောင်ခင်မြင့်​က အခုလို ​ပြောပါ တယ်။

“ရင်း​နှီး​မြှုပ်နှံမှုကို စိတ်ဝင်စား​တယ်ဆိုတာ တကယ်တမ်း​ တိတိကျကျ ဘယ်သူမှမ​ပြောနိုင်ဘူး​။ ဘယ်ဧရိယာမှာ ဘယ်လိုစိတ်ဝင်စား​ပြီး​တော့​ ဘယ်လိုလုပ်ချင်တယ် ဆိုတာမျိုး​ကို လာတာမဟုတ်​သေး​ဘူး​။ တကယ့်​ကို သတင်း​အချက်အလက်ကို လာစုံစမ်း​တဲ့​သ​ဘောပဲ။ အဓိ က​တော့​ ကျ​နော်တို့​ ဝန်​ဆောင်မှု​တွေဘက်က​ကော၊​ သ​ဘောထား​မှတ်ချက်​တွေ လာယူတာ​ပေါ့​။ ဘယ်လိုရှိလဲ​ပေါ့​၊​ တိတိကျကျ ဘာမှ​ပြောမရ​သေး​ဘူး​။ လာသမ်ွ ဧည့်​သည်​တော်​တော်များ​များ​က ဒီ​လောက်ကြီး​ ​သေ​သေချာချာ မ​ပြောနိုင်ဘူး​။ အခု အ​မေရိကန်က အမြင့်​ဆုံး​ကုန်သည်ကြီး​အသင်း​တခုက မြန်မာနိုင်ငံရဲ့​ အမြင့်​ဆုံး​ ကုန်သည် အသင်း​ကြီး​ကို စိတ်ဝင်စား​မှုရှိတယ်ဆိုတာ​တော့​ တစုံတခု​တော့​ ​မေ်ွာ်လင့်​ချက်ရှိတယ်။ ဒါ​ပေမယ့်​ ဘာကိုလဲဆိုတာ​တော့​ လုံး​ဝမ​ပြောနိုင်ဘူး​။”

အခုအချိန်အထိ​တော့​ မြန်မာပြည်မှာအဓိက ရင်း​နှီး​မြှုပ်နှံထား​တဲ့​ ထိပ်တန်း​ နိုင်ငံ​တွေထဲမှာ ထိုင်း​၊​ တရုတ်၊​ ထိုင်ဝမ်၊​ ​တောင်ကိုရီး​ယား​ စတဲ့​ အာရှနိုင်ငံ​တွေက ထိပ်ဆုံး​က ဖြစ်​နေပါတယ်။

ဦး​အောင်ခင်မြင့်​က အ​နောက်နိုင်ငံက စီး​ပွား​ရေး​လုပ်ငန်း​တွေဆီက​နေ လုပ်နည်း​လုပ်ဟန်ပိုင်း​မှာ အတုယူစရာ​တွေ ရှိတယ်လို့​ ယူဆပါ တယ်။

“ဟိုဘက်ကလူ​တွေက စာရွက်စာတမ်း​ပေါ်မှာ မူတည်ပြီး​တော့​ အလုပ်လုပ်တတ်တယ်။ အဲဒီအချက် အရမ်း​လိုတယ်။ ဒီဘက်က​တော့​ ခင် မင်တယ်ဆိုပြီး​ ခင်မင်မှုနဲ့​အလုပ်လုပ်တယ်။ ပြီး​တော့​ ပြဿနာတက် တယ်​ပေါ့​၊​ အဲဒါ​တွေက ဖြစ်​ပေါင်း​လည်း​များ​ပြီ။ ဒါ​ကြောင့်​မို့​ အပြည် ပြည်ဆိုင်ရာမှာ တိုး​တက်​နေတဲ့​ အ​နောက်နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​ဆိုင်ရာ စည်း​စနစ်​တွေကို လိုတယ်ဗျ။ တချို့​ဟာ​တွေဆို မြင်​တောင် မမြင်ဖူး​ဘူး​။ အဲဒါ​ကြောင့်​ သူတို့​လာရင်​တော့​ ကျ​နော်တို့​အတွက် basic project ​တွေ ပိုရလာမယ်လို့​ ထင်တယ်။ အဓိက​တော့​ လုပ်တတ်ဖို့​ ခိုင်မာဖို့​အ​ရေး​ကြီး​တယ်။ အဲဒီအတွက်ပဲ ကျ​နော်တို့​ ဂရုစိုက်တယ်။”

အ​မေရိကန်ကုန်သည်အသင်း​ရဲ့​ ဒီခရီး​စဉ်မတိုင်ခင်မှာပဲ အ​မေရိကန်ရဲ့​ ဒဏ်ခတ်ပိတ်ဆို့​မှု​တွေကို အစဉ်တစိုက်​ထောက်ခံခဲ့​တဲ့​ အ​မေရိကန် အထက်လွှတ်​တော်အမတ် ဂျွန်မက်ကိန်း​က ဒဏ်ခတ်မှု​တွေကို ဆိုင်း​ငံ့​ဖို့​ အ​မေရိကန်အစိုး​ရကို တိုက်တွန်း​ခဲ့​ ပါတယ်။

အာရှနဲ့​ ပစိဖိတ်​ဒေသနိုင်ငံ​တွေနဲ့​ စီး​ပွား​ရေး​နဲ့​ ကုန်သွယ်​ရေး​မှာ အ​မေရိကန်ဟာ တရုတ်ထက် ​နောက်​ကောက်ကျ​နေပြီလို့​ ဂျွန်မက်ကိန်း​က ​ဝေဖန်သတိ​ပေး​ခဲ့​ပါတယ်။

No comments: