Monday, May 21, 2012

ပြည်သူ့ စစ်များ ဆုတ်ခွာ ပေးရန် RCSS တပ်ဖွဲ့ များက ရာဇသံ ပေး

ကော့လီ

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် မန်လီ ကျေးရွာအုပ်စု အတွင်း လား ရှိုး-လွယ်လင် လမ်းမကြီး အနောက်ခြမ်း ကျေးရွာများရှိ အသွင် ပြောင်း ဆင်ကျော့ ပြည်သူ့စစ် အုပ်ချုပ်ရေး ယန္တရားများကို ဒီကနေ့ မေလ ၂၀ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းပေးရန် RCSS တပ်ဖွဲ့က ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့ကို အကြားကြားထားကြောင်း သတင်း ရရှိ ပါတယ်။

ပြီးခဲ့ အပတ်ထဲမှာ RCSS အဖွဲ့က တပ်ကြပ်အဆင့်ရှိသူ တစ်ဦးကနေ မိုင်း ခေးရှိ ဆင်ကျော့ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး လှမြင့် ဆီကို စာပို့လာတယ်။ မန်လီ-ကုန်းဆာ ဒေသမှာ ရှိတဲ့ ပြည်သူ့စစ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ရုတ်သိမ်းပေးဖို့လို့ ကြားရတယ်။ မေလ ၂၀ ရက် နေ့အထိမှ မရုတ်သိမ်းပေးဘူးဆိုရင် RCSS က ဝင်တိုက်မယ်လို့လည်း ပြော တယ် – ဟု ဆင်ကျော့ပြည်သူ့စစ်နဲ့ နီးစပ်သူ တစ်ယောက်က ကော့ လီ ကို ပြောပြ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆင်ကျော့ပြည်သူ့စစ် ခေါင်းဆောင်များ အထူးအစည်းအဝေးပွဲများ ကျင်းပခဲ့တယ်လို့သိရပြီး ဘယ်လို ဆုံးဖြတ် ချက် မျိုး ချခဲ့ကြတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပြည်သူ့စစ်တပ် ဖွဲ့များဟာ တိုင်းစစ်ဌာနချုပ် လက်အောက်ခံများ ဖြစ်တာမို့လို့ ဘယ် လို့တုံ့ပြန်မလဲဆိုတာကို တိုင်းမှူးနဲ့ ဆွေးနွေးဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဟာ ခရီး လွန်နေလို့ နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ ဒီကနေ့အထိ မဆွေးနွေးဖြစ်သေးပါဘူး။ မနက်ဖြန် မေလ ၂၁ ရက်နေ့မှာတော့ ပြည်သူ့စစ် ခေါင်း ဆောင်များနဲ့ တိုင်းစစ် ဌာနချုပ် တာဝန် ရှိသူများ ဒီကိစ္စနဲ့ ပတ် သက် ပြီး ဆွေးနွေး ကြမယ်လို့ အဆိုပါ ပြည်သူ့စစ် များနဲ့ နီးစပ် သူကပဲ အခုလို ကော့လီကို ပြောပါ တယ် – တိုင်းမှူး ဆီက ဘာမှ မသိရ သေးလို့ ရုတ်သိမ်း ပေးဖို့ သိပ်မဖြစ် နိုင်ဘူး။ ဒါကြောင့် RCSS ဘက်က ဝင် လာရင်တော့ ပြည်သူ့ စစ်တွေက ပြန်ခုခံ ကြမယ် ထင်တယ်။ ထူးခြား တာက တော့ မနက်ဖြန် မေလ ၂၁ ရက်နေ့ဟာ ရှမ်းတော် လှန်ရေးနေ့ နှစ်ပတ် လည်ဖြစ်တယ်။ အဲဒီနေ့ အထိမ်း အမှတ်နဲ့ RCSS တပ်တွေက ပြည်သူ့စစ် တွေကို တိုက်ခိုက် လာနိုင်တယ် လို့ ကော့လီကို ပြောပါ တယ်။

RCSS တပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ နမ့်လန် ဒေသမှာ စစ်သင်တန်းများ၊ လူထုအစည်းအဝေးများ ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။ အဆိုပါ လူထုအစည်းအဝေး တက်ရောက်ဖို့အတွက် လားရှိုး-လွယ်လင် ကားလမ်း အနောက်ခြမ်းဒေသက ကျေးရွာများအပြင် ကား လမ်းအရှေ့ခြမ်းရှိ ဆင်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုပ်ရာ မိုင်းခေး၊ ဆောင်ကြဲ ဒေသများက လူထုများလည်း တက်ရောက်ရန် အတွက် ဖိတ်စာများပို့ခဲ့တယ်လို့ သိရပါတယ်။

ဆင်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့များဟာ ယခင် ရှမ်းပြည်နယ် မြောက်ပိုင်း အထူးဒေသ(၃) ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များဖြစ်ပြီး အ စိုးရက ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန်ဖိအားပေးစဉ်က အ ထူးဒေသ(၃) ရှမ်းပြည်တပ်မတော် ဌာနချုပ်က ဆင်ကျော့ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့၊ တပ်မဟာ(၃) က ဆင်ကျော့-၂ ပြည်သူ့စစ်တပ်ဖွဲ့၊ တပ်မဟာ(၇) က ကာလိဌာနေပြည်သူ့စစ်အနေနဲ့ အသွင် ပြောင်း ခဲ့ကြ တာ ဖြစ်ပါ တယ်။

ခွန်ဆာ ဦးစီးတဲ့ မုန်းတိုင်းအာမီ (MTA) လက်နက်မချခင်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း အထူးဒေသ(၃) ရှမ်းပြည်တပ်မတော် ထိန်း ချုပ်ရာ လွယ်ခေး၊ မိုင်းခေး ဒေသများကို သိမ်းပိုက်ခဲ့ပြီး SSA ၏ ဆင်ကျော့ဌာနချုပ်ကိုပင် ဝင်ရောက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။

ယခု RCSS တပ်ဖွဲ့ဟာ ၁၉၉၆ MTA လက်နက်ချစဉ်က လက်နက်မချဘဲ အစိုးရကို ဆက်လက်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီးတော့ ၂၀၁၁ က မှ အစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်တာ ဖြစ်ပါတယ်။

No comments: