Khonumthung
မီဇိုရမ်ပြည်နယ် Zawngin ကျေးရွာတွင် ဇွန်လ ၈ ရက်နေ့က အသက် ၁၂ နှစ်အရွယ် ကလေး ငယ်အား ဓားဖြင့် လည်လှီးခဲ့သော မြန်မာနိုင်ငံ သားကို ဒေါသ ထွက်နေသော လူအုပ်ကြီးက ၀ိုင်းရိုက် ထိုးနှက် ခဲ့မှုကြောင့် လက်လွန်ကာ သေဆုံးခဲ့ သည်ဟု သိရသည်။ ကလေးမြို့နယ် တာဟန်း ရပ်ကွက်တွင် နေထိုင် သူဟု ဆိုသော ယင်းမြန်မာနိုင်ငံသား မှာ Liankhansang ဟု သိရပြီး မီဇိုရမ်ပြည်နယ် Zawngin ကျေးရွာသို့ လွန်ခဲ့သော ၄ ပတ်လောက်က လွှဆွဲရန် သွားရောက်နေ ထိုင်ခဲ့ သူဟု သိရသည်။
အခင်းဖြစ်ပွားပုံမှာ Liankhansang သည် ဇွန်လ ၈ ရက်နေ့က သူ့လုပ်အားခ အတွက် ရရှိထားသော ရှုပီး ၂၀၀၀ ပျောက်သောကြောင့် ကျေးရွာရပ်ကွက် လူကြီးထံ တိုင်ကြားရန် ညနေ ၃ နာရီလောက်က သွားရောက် ခဲ့သော်လည်း ရပ်ကွက်လူကြီး မရှိသည့်အတွက် စိတ်တိုပြီးပြန် လာကာ အိမ်ရှေ့တွင် ရပ်နေသော Lalrinsangi ခေါ် ၁၂ နှစ်အရွယ် ကလေးမကို အသင့်ပါ လာသော ဓါးဖြင့် လည်ပင်းကို လှီးခဲ့ခြင်းဖြစ် သည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြ ထားသည်။
ယင်းအဖြစ် အပျက်ကို ကြားသိသော အနီးအနား ရှိ ဒေသခံများက Liankhansang ကို ဖမ်းချူပ် လိုက်ကြပြီး ဒေါသ ထွက်နေသော ဒေသခံ လူအုပ်ကြီးက ၀ိုင်းရိုက် ထိုးနှက် ခဲ့ခြင်းကြောင့် လက်လွန်ပြီး သေဆုံးသွား ခဲ့သည် ဟု သိရသည်။ အဆိုပါ အဖြစ်အပျက် ကို Saitual ရဲဌါနမှ ကြားသိ သိခြင်း ည ၇ ခန့်တွင် Liankhansang ကို လူအုပ်ကြီးထံမှ ထုတ်ယူပြီး Saitual ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် နောက်နေ့မ နက်ပိုင်း ၈ နာရီခန့်တွင် သေဆုံး သွားခဲ့ သည်ဟု The Aizawl Post သတင်းစာ တွင် ဖော်ပြသည်။
လည်လှီး ခံရသော ကလေးမ Lalrinsangi သည် ကံကောင်းထောက် မစွာဖြင့် စိုးရိမ်ရသည့် အနေအထားမ ရှိတော့ကြောင်း နေအိမ်တွင် ဆေးကုသခံ ယူနေကြောင်း သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

No comments:
Post a Comment