Thursday, June 4, 2015

ဧရာဝတီ ကမ်းလွန်တွင် ဘင်္ဂလီ ၇၂၇ယောက်ကို ငါးဖမ်းလှေတစ်စီးနှင့်အတူ ဖမ်းဆီး

နိရဉ္စရာ


ဧရာဝတီတိုင်း ဖျာပုံကမ်းလွန်တွင် ငါးဖမ်းလှေ တစ်စီးနှင့် အတူ ဘင်္ဂလီ ၇၂၇ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးမိသူ လူပေါင်း ၇၂၇ ဦးအထဲတွင် ကလေး ၄၅ ယောက်၊ အမျိုးသမီး ၇၄ ယောက် တို့ပါဝင်ပြီး ကျန် ၆၀၈ ယောက်မှာ အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။

မေလ ၂၉ ရက် နံနက် ၆ နာရီခွဲတွင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ငါးဖမ်း သင်္ဘောတစ်စီးအား သင်္ကာမကင်း ဖြစ်ရာမှ မြန်မာ့ရေတပ်မတော်မှ တက်ရောက်ရှာဖွေစဉ် ယင်းလှေပေါ်တွင် ဖမ်းဆီးမိခြင်း ဖြစ်သည်။

ယင်းငါးဖမ်းသင်္ဘောအား ယခုအခါ ဟိုင်းကြီးကျွန်းသို့ ဆွဲခေါ်သွားပြီး ကယ်ဆယ်ရေး စခန်းဖွင့်ကာ လိုအပ်သည့် အကူအညီများကို ပေးကမ်းသွားမည်ဟု မြန်မာ အစိုးရအာဏာပိုင်များက ပြောသည်။

ဖမ်းမိသူများအထဲတွင် ဘင်္ဂလာဒေရှ့်နိုင်ငံသားအများစု ပါဝင်သည်ဟု သိရသည်။

No comments: