Monday, June 8, 2015

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုအတွက် ကျူးလွန်သူကို သေဒဏ် ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်

ကျော်စိုးမိုး

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုအတွက် တရားစွဲဆိုခံထားရသည့် ကိုအံ့ဖြိုးပိုင်ကို သေဒဏ်ချမှတ် နိုင်သည့်ပုဒ်မ ၃၀၂(၁)(ခ) ဖြင့် အနောက်ပိုင်းခရိုင် တရား ရုံးက မေ ၂၉ ရက်တွင် စွဲချက်တင်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ စွဲချက်တင်နိုင်ရန် မေ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် နှစ်ဘက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြပြီး မေ ၂၉ ရက်တွင် အနောက်ပိုင်းခရိုင် တရား ရုံး၊ ခရိုင်တရားသူကြီးက ပုဒ်မ ၃၀၂(၁)(ခ) ဖြင့်စွဲ ချက်တင်ရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက " စွဲချက်တင်အမိန့် ချပြီးတဲ့အတွက် ပြန်ခေါ်သက်သေခြောက်ဦးကို စစ်ဆေးဖို့ဆောင်ရွက်နေပါတယ်" ဟု ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်သြဂုတ် ၂၆ ရက်၊ ည ၇ နာရီခန့်က ဒဂုံ မြို့နယ်၊ ဦးဝိစာရအိမ်ရာ၊ တိုက်အမှတ် ၃၂ ၊ ၃ လွှာတွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မော် ဒယ်အေးချမ်းမြတ်မိုးအပြင်မှ ပြန်လာစဉ် တိုက် ခန်း၏ ဒုတိယယထပ်တွင် အဆိုပါ အိမ်ရာဝင်းအတွင်း၌ နေထိုင်သည့် ကိုအံ့ဖြိုးပိုင်ဆိုသူက လည်ပင်းကို ဓားနှင့်ထိုး ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ပို့ဆောင်စဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကိုအံ့ဖြိုးပိုင်ကိုဒဂုံမြို့မရဲစခန်းက (ပ) ၁၈၄/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အနောက်ပိုင်းခရိုင်တရားသူကြီးက ပြစ်မှုကြီး အမှတ် ၈၃/၁၄ ဖြင့်လက်ခံစစ်ဆေးနေကာ လာမည့်ဇွန် ၆ ရက် တွင် ပြန်ခေါ်သက်သေကိုစစ်ဆေးရန် ရုံးချိန်းချိန်းဆိုထားသည်။

No comments: