ကျော်စိုးမိုး
ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန် ၄ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု လှော်ကား နယ်မြေ ရဲစခန်းက ရဲအရာရှိ တစ်ဦးက ပြောသည်။
ဇွန် ၄ ရက်၊ နံနက် ၇ နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်၊ (၄) ရပ်ကွက်၊ စက်မှုဇုန်အပိုင်း (၁)၊ ပတ္တမြား လမ်းဘေးရှိ ခရေပင်တန်းများအောက်တွင် ပြတ်ရှ ဒဏ်ရာများနှင့် သေဆုံးနေသည့် အသက် ၂၅ နှစ်ခန့်အရွယ် ရှိ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
လှော်ကားနယ်မြေ ရဲစခန်းက ရဲအရာရှိတစ်ဦးက “သေဆုံးသူက ဘယ်သူလဲဆိုတာကို စုံစမ်းနေတုန်း ပါပဲ။ မည်သူမည်ဝါမှန်း မသိသေးပါဘူး” ဟု ဇွန် ၄ ရက်၊ ညပိုင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ လှော်ကားနယ်မြေ ရဲစခန်းက (ပ) ၂၅၂/၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။
No comments:
Post a Comment