Mizzima
ရိုဟင်ဂျာဆိုသူများ အပါအဝင် လူအခွင့်အရေး ပြဿနာများအတွက် မြန်မာအစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အမေရိကန် ဆီးနိတ်လွှတ်တော် အများစုခေါင်းဆောင် မစ်ရှ်မတ်ကွန်နေးက ပြောကြောင်း Roll Call ဘလော့ဂ်တွင် ဇွန် ၄ ရက်က ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပွင့်လင်းသော ရွေးကောက်ပွဲဖြစ်ထွန်းရေး၊ နိုင်ငံပိုင်မီဒီယာက ဘက်လိုက်ခြင်းများကင်းဝေးရေးတို့ကို ၎င်းနှင့် အခြားသူများက လိုလားကြောင်း မတ်ကွန်နေးက ပြောသည်။ လူနည်းစုဖြစ်သည့် ရိုဟင်ဂျာဆိုသူမွတ်စလင်များ၏ ပြဿနာအကျပ်အတည်းကိစ္စများ အပါအဝင် အကြောင်းကိစ္စများစွာကို ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်းနှင့်လည်း မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းကပြောသည်။
"ရေရှည်ခံစားနေရသည့် ဘာသာရေး လူနည်းစုနဲ့ ပတ်သက်ပြီး ကာကွယ်မှုပေးရန်၊ တာဝန်ယူရန်အတွက် မြန်မာအစိုးရ လုပ်ဆောင်ဖို့လိုကြောင်း၊ ဒီရိုဟင်ဂျာဆိုသူတွေက နိုင်ငံတွင်းကနေ အတင်းထွက်ပြေးခဲ့ရပြီး ပင်လယ်ကိုဖြတ်ရွှေ့ပြောင်းကြရကြောင်း” ၎င်းကပြောသည်။
"တည်တံ့တဲ့ငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသား လူနည်းစုတွေနဲ့ အစိုးရက ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပဋိပက္ခတွေချုပ်ငြိမ်းအောင်လုပ်ဆောင်ရမှာဖြစ်တယ်။”ဟု ယင်းကပြောခဲ့သည်။
"ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် ဆက်ဆံသွားရေး လိုအပ်နေကြောင်း” လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်းရစ်ချစ်ကလည်း မကြာသေးမီက အင်ဒိုနီးရှား ဂျကာတာမှာ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
No comments:
Post a Comment