ကျော်စိုးမိုး
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မေ ၂၈ ရက် ညပိုင်းက အနှိပ်ခန်း တစ်ခန်း ၀င်ရောက်ဖမ်းဆီးနိုင်ခဲ့သည်ဟု အဆိုပါမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦး က ပြောသည်။
မေ ၂၈ ရက်၊ည ၁၁ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်းတွင် အနှိပ်ခန်းဖွင့်လှစ်နေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ် အတွင်း အနှိပ်လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီး ၁၈ ဦးနှင့် ဆိုင်မန်နေဂျာတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် ၁၉ ဦးကို မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးက အရေးယူပေးပါရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး မေ ၂၉ ရက်တွင် ပုဒ် မ ၁၈၈ ဖြင့် အနှိပ်ခန်းဆိုင် မန်နေဂျာကို ထောင်ဒဏ်တစ်လ၊ အနှိပ်သမား ၁၈ ဦးတို့ကို ငွေဒဏ်တစ်ထောင်ကျပ်စီ ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ် သည်။
မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက ရဲအရာရှိတစ်ဦးက “မနေ့ညကအိမ် လေးအိမ် ၀င်ရှာပြီး တစ်အိမ်မှာအခုလို အနှိပ်ခန်း ဖွင့်ထားတာကို ဖမ်းမိတာပါ။ ဆက်လက် ပြီး အခုလို စစ်ဆေးဖမ်းဆီးဖို့ ဆောင်ရွက်သွားမှာပါ" ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ပထမပတ်ကလည်း စမ်းချောင်းအတွင်း ဖွင့်လှစ်ထားသည့် အနှိပ်ခန်း လေးခန်းမှ ဆိုင်မန်နေဂျာ လေးဦးကို ထောင်ဒဏ် တစ်လစီ၊ အနှိပ် သမ ၂၉ ဦး တို့ကိုထောင်ဒဏ် ၇ ရက်စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment