Friday, June 12, 2015

စာရေးဆရာ ထင်လင်းဦး ကိစ္စသည် အုပ်ချုပ်ရေးမဏ္ဍိုင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟုဆို

Mizzima

စာရေးဆရာ ထင်လင်းဦးအား ထောင်ချလိုက်ခြင်းသည် အုပ်ချုပ်ရေးမဏ္ဍိုင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ခြိမ်းခြောက်ရာ ရောက်သည်ဟု ပဲန်မြန်မာ PEN Myanmar အဖွဲ့က ဇွန် ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဆရာ ထင်လင်းဦးသည် စာပေဟောပြောပွဲတခု၌ ဗုဒ္ဓဘာသာအား ထိပါးပြောဆိုခဲ့သည်ဟုဆိုတာ ပုဒ်မ ၂၉၅ (က)၊ ၂၉၈ တို့ဖြင့် စွပ်စွဲ၍ ဇွန်လ ၂ ရက်နေ့တွင် ပုဒ်မ ၂၉၅ (က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခြင်းကို ကန့်ကွက်သည်ဟု ဆိုသည်။

ဆရာထင်လင်းဦးသည် ၂၀၁၄ ခု ဒီဇင်ဘာလမှစ၍ တရားစွဲဆိုခံရပြီးနောက် ချုပ်ရက် ၅ လနှင့် ၁၅ ရက်ကြာ ခံစားရပြီးနောက် ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် စွပ်စွဲခံရသူဘက်မှ ရှေ့နေနှင့် သက်သေများက ကြောင်းကျိုးခိုင်လုံစွာချေပခဲ့သော်လည်း တရားလိုဘက်မှ လူစုလူဝေးဖြင့် တရားသူကြီးအား ဖိအားပေးမှုများ ရှိခဲ့သည်ဟု သတင်းများမှတဆင့် သိရှိရပြီး ထိုလုပ်ရပ်မှာ 'လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်' အား ကျင့်သုံးသည့် စာရေးဆရာများကို 'တည်ဆဲဥပဒေပေါင်းစုံဖြင့်' တရားစွဲဆိုခြိမ်းခြောက်သည့် လုပ်ရပ်များထဲမှ တစ်ခုဖြစ်သည်ဟု ပဲန်မြန်မာက ရှုမြင်ကြောင်း ရေးသားဖော်ပြထားသည်။

No comments: