Saturday, June 20, 2015

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတည်ငြိမ်ရန် အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်သတိ​ပေး

ကျော်ဇေယျာဝင်း

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက် မတိုင်မီ မြန်မာနိုင်ငံ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ အ​ရေးကြီးတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က​ ပြောဆိုလိုက်ပါတယ်။

ဒီက​နေ့ ရန်ကုန်မြို့​တော်ဝင်နှင်းဆီ စား​သောက်ဆိုင်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ​ထည့်သွင်း​ပြောကြားသွားတာပါ။

“ခုဆိုလို့ရှိရင် ​ရွေး​ကောက်ပွဲများအတွက် သတ်မှတ်ထားတဲ့ နိုဝင်ဘာလပထမအပတ် ဆိုတာ​တော့ ​နောက်ဆုံးချိန်လို့သတ်မှတ်ထားတဲ့အချိန်က တဖြည်ဖြည်းနီးလာပါပြီ။ ဒီချိန်မ​ရောက်ခင်ကာလမှာ ကျမတို့နိုင်ငံဟာ တည်ငြိမ်ဖို့ အင်မတန်မှအ​ရေးကြီးပါတယ်။ အဲဒါကို​တော့ ကျမဒီမှာသတိ​ပေးပါရ​စေ။ နိုင်ငံရဲ့မတည်ငြိမ်မှူကို အ​ကြောင်းပြပြီး​တော့ ​ရွေး​ကောက်ပွဲလမ်းလွဲသွားမှာကို မဖြစ်ပါ​စေနဲ့လို့ ကျမတို့ရဲ့အဖွဲ့ချုပ်ဝင်​တွေအားလုံးကို ကျမမှာချင်ပါတယ်။ ပြည်သူလူထုကိုလည်း ဒီက​နေတဆင့်မှာချင်ပါတယ်” လို့​ ဒေါ်​အောင်ဆန်းစုကြည်က​ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ပြုလုပ်ရာမှာ တဦးတယောက်အောင်နိုင်ရေးအတွက်မဟုတ်ပဲ နိုင်ငံအောင်နိုင်ရေး၊ ဒီမိုကရေစီ အောင်နိုင်ရေးကိုသာ လုပ်ဆောင်ရမယ်လို့ သူမကဆက်​ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်မပြိုင်မယ်ကို မကြာခင်ကာလ ဆုံးဖြတ်မှာဖြစ်ပြီး ကိုယ်စားလှယ်​လောင်းတွေ ​ရွေးချယ်ဖို့ရှိတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေးကို ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစား​သောက်ဆိုင်မှာ ဇွန်လ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့​တွေမှာ ကျင်းပ​နေတာဖြစ်ပြီး ဗဟို​ကော်မတီဝင် ၁၁၂ ဦး တက်​ရောက်​နေပါတယ်။

ဒီတကြိမ် ပါတီဗဟိုကော်မတီစည်းဝေးပွဲမှာ မဲစာရင်း ကိစ္စရပ်တွေ ဆွေးနွေးကြဖို့ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောကြားထားပါတယ်။

No comments: