Mizzima
ကုန်သည်များသည် ဂရိက ပြန်ဆပ်ရမည့် နောက်ဆုံးရက်မတိုင်မီ ဂရိ၏ ကြွေးပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲများကို မျက်ခြည်မပြတ် လေ့လာလျက်ရှိသည်။ ယူရိုဇုန် မျှော်လင့်ချက်ရောင်ခြည် သန်းလာမှုနှင့်အတူ ယူရိုငွေ မဆိုစလောက် မြင့်တက်လာခဲ့သော်လည်း ဗုဒ္ဓဟူးနေ့ (ဇွန်၃)မှာ အာရှဈေးကွက်အများစုမှာမူ ကျဆင်းသွားခဲ့သည်။
တိုကျိုဈေးကွက်တွင် ယန်းငွေကြေး မာလာသောကြောင့် ၀ ဒသမ ၃၄ ရာခိုင်နှုန်း၊ သို့မဟုတ် ၆၉ ဒသမ ၆၈ ပွိုင့် ကျဆင်းသွားခဲ့ပြီး၊ ရှန်ဟိုင်းဈေးကွက်မှာလည်း ဈေးပိတ်ချိန်တွင် ၀ ဒသမ ၅၅ ပွိုင့် ကျဆင်းသွားခဲ့သည်။
ဆစ်ဒနီနဲ့ ဆိုးလ်ဈေးကွက်များမှာလည်း အလားတူ ကျဆင်းခဲ့သော်လည်း ဟောင်ကောင် ဈေးကွက်တွင်မူ ၀ ဒသမ ၆၉ ရာခိုင်နှုန်း သို့မဟုတ် ၁၉၀ ဒသမ ၇၅ပွိုင့် တက်လာခဲ့ပါသည်။
ဂျပန် Nikkei ရှယ်ယာဈေးကွက်တွင် စံချိန်တင် ၁၂ ရက်ဆက်တိုက် အတက်ပြခဲ့သောကြောင့် နိုင်ငံ၏ စတော့ဈေးကွက် အမြင့်ဆုံးဖြစ်ခဲ့သည့် ၁၉၈၈ နောက်ပိုင်းမှာ အရှည်ကြာဆုံး ဈေးတက်မှု ဖြစ်ခဲ့သည်။
၁၂ နှစ်ကျော်အတွင်း အင်္ဂါနေ့က ဒေါ်လာနဲ့ယှဉ်ပါက အားအနည်းဆုံး အဆင့်အထိ ကျဆင်းသွားခဲ့သည့် ယန်းငွေကြေး တိုးတက်ခိုင်မာလာမှုက ဗုဒ္ဓဟူးနေ့က အရောင်းအဝယ်ကို တွန်းအားပေးခဲ့သည်ဟု ဆိုသည်။
ထုတ်ဆယ်ကယ်တင်ရေး စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဂရိ၏ ကြွေးရှင်နိုင်ငံများနှင့် ဆွေးနွေးပွဲများတွင် တိုးတက်မှု ကင်းမဲ့နေမှုအပေါ် စိုးရိမ်သောက ဖြစ်ပွားနေသောကြောင့် ဒေါ်လာငွေကြေးသည် ဗုဒ္ဓဟူးနေ့က ကျဆင်းသွားခဲ့သည်။
No comments:
Post a Comment