Thursday, June 4, 2015

အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ကျော်စိုးမိုး

ကန်စွန်းရွက်ခူးရန် ထွက်လာသည့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၇ ရက်၊ ညနေ ၃ နာရီခန့်က တွံတေးမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။

တွံတေးမြို့နယ်၊ အိုးဖို အနောက်ရပ်ကွက်၊ ကမတာကွင်းတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် မောင်အောင်မိုးထက်သည် မိုးများ ရွာနေစဉ် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ကန်စွန်းရွက်ခူးရန် ထွက်လာခဲ့ရာ မိုးကြိုးပစ်ခံရသဖြင့် မောင်အောင်မိုးထက်တွင်နှုတ်ခမ်းပေါက်ပြီး သွေးထွက်သည့် ဒဏ်ရာမှအပ အခြားပြင်ပ ဒဏ်ရာများမရှိဘဲ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် တွံတေးမြို့မ ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် (၁၀/၂၀၁၅) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: