Thursday, June 11, 2015

ရှန်ဟိုင်း လွတ်လပ်စွာကုန်သွယ်ရေးဇုန် ယွမ်ငွေ ဖလှယ်သုံးမှုကို စမ်းသပ်မည်

ချိုင်းနား ဒေးလီး

စမ်းသပ်အစီအစဉ်တစ်ခုအရ နိုင်ငံ၏ အသားတင်အမြတ်ငွေစာရင်း ဖွင့်ဖို့ စိုင်းပြင်းနေ၍ မကြာမီ တရုတ်နိုင်ငံ၏ လွတ်လပ်စွာကုန်သွယ်ရေး စမ်းသပ်ဇုန်အတွင်း တရုတ်ငွေကြေးကို လွတ်လပ်စွာ ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း မျှော်လင့်ရသည်ဟု ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ရှန်ဟိုင်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဟာ တရုတ်နိုင်ငံအတွင်းမှာယွမ်ငွေကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ပြုပြီး၊လွတ်လပ်တဲ့ အသားတင် အမြတ်ငွေစာရင်း ရှိတဲ့ ပထမဆုံး ဧရိယာတစ်ခုဖြစ်လို့ အဆင်သင့်ဖြစ်နေပြီ” ဟု တရုတ် ပြည်သူ့ဘဏ်၏ ရှန်ဟိုင်းဘဏ်ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ကျန်ရှင်း ကပြောကြား သည်။

ရှန်ဟိုင်းမှာ ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုရန် ပေါ်လစီများနှင့် ဈေးကွက်ယန္တရားများကို ပြင်ဆင်နေပြီဟုလည်း ကျန်ရှင်းက မြို့တော်မှာ ကျင်းပသော ဘဏ္ဍာရေးလုပ်ငန်း စာတမ်းဖတ်ပွဲတစ်ခုမှာ ပြောကြားသည်။

တနင်္လာနေ့က ကိန်းဂဏန်းများအရ လွတ်လပ်ကုန်သွယ်ရေးဇုန်အတွင်းရှိ လုပ်ငန်းများမှ လွတ်လပ်စွာ ကုန်သွယ်ခွင့် ဘဏ်စာရင်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် အရင်းအနှီးစီးဆင်းမှု ယွမ်ငွေ ၁၆၀ ဘီလီယံ (ကန်ဒေါ်လာ ၂၅ ဒသမ ၈ဘီလီယံ)နဲ့ နယ်စပ်ဖြတ်ကျော် မတည်ထောက်ပံ့မှု ယွမ်ငွေ ၇၀ဘီလီယံကျော် ပြုလုပ်ခဲ့သည် ဟု ဆိုသည်။

“လွတ်လပ်စွာကုန်သွယ်ရေးဇုန်ဟာ စွန့်စားမှုများတဲ့ အရင်းအနှီးစီးဝင်မှု လမ်းကြောင်းတစ်ခု(သို့မဟုတ်) လက်လှည့် ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းတစ်ခု မဟုတ်ဘူး ဆိုတာကို သက်သေပြနေ ပါတယ်’’ ဟု ကျန်က ပြောကြားသည်။

ရှန်ဟိုင်းမှာ အမြတ်ငွေစာရင်းကို ထိန်းချုပ်ရန် စနစ်တစ်ခုကို ပြင်ဆင်ခဲ့ပြီးဖြစ်ပြီး ထိုစနစ်အရ ငွေကြေးဖလှယ်မှုကို ထိန်းချုပ်ထားဆဲဖြစ်သည်။

စမ်းသပ်အစီအစဉ်အတွက် ယေဘုယျပေါ်လစီ မူဘောင်တွင် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ အစိုးရများအတွက် ဈေးကွက်ရှေးရှုသော စည်းမျဉ်းများ ပြုလုပ်ရန် လိုအပ် ချက်လည်း ပါဝင် သည်။

No comments: