Friday, June 26, 2015

စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ လွတ်တော်ကိုယ်စား လှယ်လောင်း ရွေးချယ်မှုပြီးစီး

မင်းအောင်ခိုင်၊

လာမည့် ၂၀၁၅ အထွေထွေးရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် မဲဆန္ဒနယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ရန် ရခိုင် အမျိုးသားပါတီမှ ပါတီတွင်း လွတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ပွဲကို ဇွန်လ ၂၁ ရက်က စစ်တွေ့မြို့ ပုသိမ် ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ရွေးချယ်မှုကို ပါတီတွင်း ညီလာခံမှ ဆန္ဒမဲပဲခွင့် ရှိသူများ၏ လျို့ဝှက်ထောက်ခံမဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ စစ်တွေမြို့ လွတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှု ကြီးကြပ်ရေး အဖွဲ့ဝင် ဦးအောင်ဌေးက ပြောသည်။

“ ကျွန်တော်တို့ စစ်တွေမြို့နယ်ကတော့ ဘက်လိုက်မှုနည်းပါတယ်။ပွင့်ပွင့်လင်းလင်းပါပဲ ။ သူတို့ ကြိုက်တဲ့ လူကို မဲပေးကြတာပါ။ မဲလိပ်တွေကိုလည်း နှစ်ယောက်လုံးရှေ့မှာ ရေတွက်ပြီး ။ သူတို့ရှေ့မှာပဲ တစ်ခါတည်း ကြေငြာပေးပါတယ် ” ဟု ဦးအောင်ဌေးက ဆိုသည်။

စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် အဆိုတင်သွင်းကြသူ ဦးအောင်မြကျော် ( လက်ရှိ လွှတ်တော်ကိုယ်စားလှယ်) နှင့် ဦးကျော်ဇောဦးတို့ ကိုပါတီတွင်း လျှို့ဝှက်မဲစံနစ်ဖြင့်ရွေးချယ်ရာခဲ့ပြီး မြို့နယ်ပါတီ ကိုယ်စားလှယ် (၁၅၄)ဦး တက်ရောက်မဲပေးခဲ့ရာ ဦးအောင်မြကျော် (၇၀) မဲ၊ ဦးကျော်ဇောဦး (၈၁)မဲ၊ ပယ်မဲ(၃)မဲဖြင့် ဦးကျော်ဇောဦးက ပြည်နယ် လွှတ်တော်ကိုယ်စား လောင်းအဖြစ် ပါတီတွင်း အနိုင်ရရှိခဲ့သည်။

မဲဆန္ဒနယ်အမှတ်(၁)အတွက် ဦးသာလူချေ ( လက်ရှိ လွှတ်တော်ကိုယ်စားလှယ်) နှင့်ဦးအေးသိန်းတို ပါတီတွင်း ယှဉ်ပြိုင်ရွေးချယ်ရာတွင် (၁၃၀) ဦး တက်ရာက်မဲပေးခဲ့ရာ ဦးသာလူချေရမဲ(၅၆)မဲ၊ ဦးအေးသိန်း (၇၁)မဲ၊ ပယ်မဲ (၃) ဖြင့်ဦးအေးသိန်းက ပါတီတွင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခြင်းခံရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုတင်သွင်းထားသူ ဦးသာထွန်းလှ (ပါတီ တွဲဘက် အတွင်းရေးမှူး) နှင့် ဦးမောင်သိန်းခိုင်တို့ နှစ်ဦးအား ရွေးချယ်ရာတွင် လည်း တက်ရောက်မဲပေးသူ(၁၀၄) ဦးရှိရာ ဦးသာထွန်းလှ (၄၆)မဲ၊ ဦးမောင်သိန်းခိုင် (၅၇)မဲ၊ ပယ်မဲ (၁) ဖြင့် ဦးမောင်သိန်းခိုင်အား ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ်ရွေး ချယ်ခြင်းခံရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုလွှာတင်သွင်းထားသူ ဦးဝေစိန်အောင်နှင့် ဦးသာစိန်တို့ ကို လျှို့ ဝှက်မဲစံနစ်ဖြင့် ပါတီတွင်းရွေးချယ်ရာတွင် မြို့နယ်အလုပ်မှုဆောင် (၁၀၄) ဦး တက်ရောက်မဲပေးခဲ့ရာ ဦးသာစိန် (၄၉) မဲ၊ ဦးဝေစိန်အောင်(၅၁) မဲ ၊ ပယ်မဲအရေအတွက် (၄)မဲ ဖြင့် ဦးဝေစိန်အောင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ပါတီတွင်း အနိုင်ရရှိခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တွေမဲဆန္ဒနယ်မှ အမျိုးသားလွတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် အဖြစ် ဦးမောင်ညို ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်အဖြစ် ဦးအောင်မြကျော် ၊နှင့်ဦးသာလူချေတို့က အသီးသီးအနိုင်ရရှိခဲ့သည်။

No comments: